ရှမ်းပြည်နယ်တောင်ပိုင်း ၊ ကလောမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ထိခိုက်ပျက်စီးခဲ့ရပြီး လက်ရှိတွင် အချို့ကို ပြန်လည်ပြုပြင်ပြီးဖြစ်၍ ဓာတ်အားဖြန့်ဖြူးပေးထားနိုင်ပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
ကလောမြို့အတွင်း ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် (၁၁) ကေဗွီ၊ (၄၀၀) ဗို့ ဓာတ်အားလိုင်းများနှင့် ဓာတ် အားလွှတ်ပစ္စည်းများ ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီး၍ ဓာတ်အားပြန်လည် ပို့လွှတ်ဖြန့်ဖြူးပေးထားနိုင်ပြီး ဓာတ် အားလိုင်းများ ရေရှည်အသုံးပြုနိုင်ရေး လိုအပ်သည့် ထိန်း သိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
ကလောပင်မဓာတ်အားခွဲရုံတွင်လည်း မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ဓာတ်အားခွဲရုံ Switch Yard ခြံစည်းရိုး အုတ်တံတိုင်း၊ ရေမြောင်းနှင့် မြေတားနံရံများ ပျက်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီး Switch Yard အတွင်း လက်ရှိ ဓာတ် အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိ၍ ဓါတ်အားပြန်လည်ဖြန့်ဖြူးပေးနေကြောင်း သိရသည်။
ထိုသို့သော အခြေနေများကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းမှ ကလောမြို့နယ်အတွ င်း ထိခိုက်ပျက်စီးခဲ့ရသည့် ဓာတ်အားလိုင်းများနှင့် ဓာတ် အားခွဲရုံများ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှုနှင့် လက်ရှိပြုပြင်တည်ဆောက်ဆဲ လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းလည်း သိရသည်။
ကလောမြို့ (၃၃) ကေဗွီ ရေပေါင်းဆုံ (ပြည်ညောင်)-နမ့်ပန်တက် ဓာတ်အားလိုင်းရှိ ဓာတ်အား ဖြန့်ဖြူးရေးတိုင် (၁၄၄) တိုင် ရေတိုက်စားပြီး ယိုင်လဲပျက်စီးခဲ့မှုနှင့် ပြန်လည်ပြုပြင်ခြင်းလျက်ရှိပြီး ဓာတ်အား ဖြန့်ဖြူးမှုကို မူလအခြေအနေအတိုင်း အမြန်ပြန်လည်ဖြန့်ဖြူးနိုင်ရေး ပြုပြင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လုပ်ငန်းပြီးစီးမှုများကို စနစ်တကျ မှတ်တမ်းတင် စာရင်းပြုစုထားရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။
ထို့ပြင် တောင်ကြီးမြို့ရှိ (၁၃၂) ကေဗွီ တောင်ကြီး ပင်မဓာ တ် အားခွဲရုံ ပင်မဓာတ်အားလိုင်းများ၏ တာဝါတိုင် ဖောင်ဒေးရှင်းလုပ်ငန်းများနှင့် ဆက်စပ်ပစ္စည်းများ တည်ဆောက်ခြင်းလုပ်ငန်းများ အရည်အသွေး စံချိန်စံညွှန်းပြည့်မီအောင်နှင့် သတ်မှတ်ချိန်အတွင်းပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
