လက်လီဈေးကွက်အတွင်း ရောင်းချရမည့် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးသတ်မှတ်ထုတ်ပြန် ပေးလျက်ရှိရာ သုံးပတ်ဆက်တိုက်ဈေးကျဆင်းလာကြောင်း သိရသည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်မှ အောက်တိုဘာလ (၂၀)ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ (၆၃၅၅)ကျပ် ဖြစ်ကြောင်းထုတ်ပြန် ကြေညာထားသည်။
ပြီးခဲ့သည့်တစ်ပါတ်က လက်ကားရည်ညွှန်းဈေးနှုန်းမှာ (၆ ၄၅၅) ကျပ်ဖြစ်ပြီး ယခုတစ်ပါတ်တွင် (၁၀၀) ကျပ်ထပ်မံကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သမဝါယမစာအုပ်ဖြင့် စားအုန်းဆီရောင်းချပေးနေသည့်အတွက် ဈေးကွက်အတွင်းဝယ်ယူရအဆင်ပြေနေပြီး ပြင်ပဈေးကွက်တွင်လည်း တစ်ပိဿာ (၉၀၀၀) ကျပ် အထိ ဈေးကျလာကြောင်း သိရသည်။
စားအုန်းဆီများကို ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
