ဆိုးလ်၊အောက်တိုဘာ ၁၄
တောင်ကိုရီးယား နယ်စပ်အနီးရှိ မြောက်ကိုရီးယားအမြောက်တပ်များအနေဖြင့် ဆိုးလ်ဘက်က ဒရုန်းများကို မြင်သည်နှင့်ပစ်ချနိုင်ရန် အဆင်သင့်လုပ်ထားဖို့ ညွှန်ကြားထားကြောင်းသိရသည်။
ပြုံယမ်း၏ပြောကြားချက်အရ တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူများနှင့် မြောက်ကိုရီးယားမှထွက်ပြေးသွားသူအချို့က ကင်မ်မကောင်းကြောင်းဝါဒဖြန့်စာပေများကိုကြဲချသဖြင့် နှစ်ဖက်တင်းမာနေကြခြင်းဖြစ်သည်။
ယင်းကြောင့်ပင် ပြုံယမ်းဘက်ကလည်း တောင်ကိုရီးယားဘက်ထဲသို့ အမှိုက်များပါဝင်သည့်မီးပုံးပျံများ လွှတ်တင်ကာ ပြန်လည်တုန့်ပြန်ခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုသည်။
တောင်ကိုရီးယားဘက်က အလားတူလုပ်ရပ်မျိုး ထပ်မံလုပ်ဆောင်လာပါက ချက်ချင်းတုန့်ပြန်ရန် တပ်ဖွဲ့ဝင်များကို အသင့်ပြင်ထားဖို့ ညွှန်ကြားထားခြင်းဖြစ်ကြောင်းလည်း KCNA မီဒီယာကဖော်ပြခဲ့သည်။
တောင်ကိုရီးယားဘက်မှ ယခုသီတင်းပတ်အတွင်း ပြုံယမ်းသို့ ဒရုန်းများစေလွှတ်ခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ယင်းသို့ကျူးကျော်ဝင်ရောက်မှုကို လက်တု့န်ပြန်ရန်လည်း အောက်တိုဘာ ၁၁ ရက်နေ့တွင် ပြုံယမ်းကတောင်းဆိုခဲ့သည်ဟုသိရသည်။
Source : ရိုက်တာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
