အမေရိကသည် အစ္စရေးသို့ အဆင့်မြင့်ဒုံးဖျက်စနစ် ကို ပေးပို့နေသည်ဟု ပင်တဂွန်က ကြေညာခဲ့ပြီး သမ္မတ ဂျိုးဘိုင်ဒင်အစိုးရသည် အီရန်နှင့် တင်းမားမှုမြင့်တက်နေသော သူ၏ အဓိကမဟာမိတ်ကို ကာကွယ်ရန်ခိုင်မြဲသောဆုံးဖြတ်ချက် ရှိကြောင်း ပြသခဲ့သည်။
နိုင်ငံ၏ လေကြောင်းကာကွယ်ရေးကို မြှင့်တင်ရာတွင် အထောက်အကူပြုရန်အတွက် Terminal High Attitude Area Defense (THAAD) ဒုံးတပ်ခွဲနှင့် ဆက်စပ် စစ်သည်များကို အစ္စရေး၌ ဖြန့်ကျက်ချထားရန် ပင်တဂွန်အကြီးအကဲ လွိုက်အော်စတင်က ခွင့်ပြုချက်ပေးခဲ့သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
THAAD ဒုံးတပ်ခွဲသည် အစ္စရေး၏ ပေါင်းစပ် လေကြောင်းကာကွယ်ရေးစနစ်ကို မြှင့်တင်ပေးမည်ဖြစ်ကြောင်းနှင့် ယခုလုပ်ဆောင်ချက်သည် အစ္စရေးကို အကာအကွယ်ပေးမည့် အမေရိက၏ ခိုင်မာသော ကတိကဝတ်ကို အလေးထားခြင်းနှင့် အစ္စရေးရှိ အမေရိကန်နိုင်ငံသားများနှင့် အီရန်က ထပ်မံတိုက်ခိုက်လာနိုင်သော ပဲ့ထိန်းဒုံးကျည်များရန်မှကာကွယ်ရန် ဖြစ်သည်ဟု ပင်တဂွန်က ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။
ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာခေါင်းဆောင်များနှင့် အီရန်ဗိုလ်ချုပ်တစ်ဦးတို့ကို လုပ်ကြံသတ်ဖြတ်ခဲ့မှုများအတွက် လက်တုန့်ပြန်မှုအဖြစ် အီရန်သည် အောက်တိုဘာ ၁ ရက်နေ့က အစ္စရေးကို ဒုံးကျည်အမြောက်အများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုဖြစ်အပြီး သီတင်းနှစ်ပတ်မပြည့်မီတွင် အမေရိက,က ယခုကဲ့သို့ ဒုံးကျည်ကာကွယ်ရေးစနစ်နှင့် တပ်ဖွဲ့ဝင်များ အစ္စရေးတွင် တပ်ဖြန့်လာခြင်းဖြစ်သည်။ Ref: အယ်ဂျာဇီးယား
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
