ထိုင်ဝမ်ရေလက်ကြားနှင့် ယင်း၏ မြောက်၊ တောင်နှင့် အရှေ့ဘက်ဧရိယာတို့တွင် “Joint Sword-2024B” ဟု အမည်ပေးထားသော စစ်ရေးလေ့ကျင့်မှုကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ အရှေ့ပိုင်းဌာနချုပ်က ယနေ့စတင်ပြုလုပ်ခဲ့သည်။
ယင်းစစ်ရေးလေ့ကျင့်မှုတွင် ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ဒုံးပျံတပ်ဖွဲ့တို့ပူးပေါင်းပါဝင်ကြကြောင်း သိရသည်။
ယင်း စစ်ရေးလေ့ကျင့်မှုတွင် “ပင်လယ်-ဝေဟင် တိုက်ခိုက်ရေး-အဆင်သင့် ကင်းလှည့်မှု၊ အဓိက ဆိပ်ကမ်းများနှင့် ဧရိယာများကို ပိတ်ဆို့ခြင်း” နှင့် “ရေကြောင်းနှင့် မြေပြင်ပစ်မှတ်များကို ချေမှုန်းရေး” တွင် ပါဝင်မည်ဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ကပ္ပတိန် လိရှီက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ မိမိတပ်ဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် စစ်မှန်သော တိုက်ခိုက်ရေးစွမ်းရည်များကို စမ်းသပ်ရန်အတွက် ယခု စစ်ရေးလေ့ကျင့်မှုကိုပြုလုပ်ခြင်းဖြစ်ကြောင်း သူကဆိုသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်ရန်အတွက် တရားဝင်ပြီး လိုအပ်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ သို့ရာတွင် စစ်ရေးလေ့ကျင့်မှု ပြီးဆုံးမည့်ရက်ကိုမူ ပြောကြားခြင်းမရှိချေ။
တိုင်င်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကမူ ယင်း စစ်ရေးလေ့ကျင့်မှကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် တိုင်ဝမ်၏ လွတ်လပ်မှုနှင့် ဒီမိုကရေစီကို ကာကွယ်ရန်နှင့် ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် သင့်လျော်သောတပ်ဖွဲ့များကို ထိုနေရာအနီးတဝိုက်သို့ စေလွှတ်ထားကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
