ရှမ်းယူနိုက်တက်အသင်းသည် မြန်မာ့လက်ရွေးစင် ကွင်းလယ်လူဟောင်း မြတ်ကောင်းခန့်ကို ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။
ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ၂၀၂၂- ၂၀၂၃ ရာသီတွင် အသင်း၌ ကစားခဲ့သည့် ကွင်းလယ်ကစားသမားဟောင်းဖြစ်သူ မြတ်ကောင်းခန့်ကို ပြန်လည်ခေါ်ယူလိုက်ကြောင်း အောက်တိုဘာ ၁၄ ရက်က သတင်းထုတ်ပြန်ခဲ့သော်လည်း စာချုပ်သက်တမ်းကိုမူ မဖော်ပြခဲ့ကြောင်း သိရသည်။
မြတ်ကောင်းခန့်သည် ရှမ်းယူနိုက်တက်အသင်းနှင့်အတူ ၂၀၂၂- ၂၀၂၃ ရာသီအမှတ်ပေးလိဂ်ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာတွင် အင်ဒိုနီးရှားကလပ် ပါဆီကာဘိုအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။
မြတ်ကောင်းခန့်သည် ၂၀၂၂- ၂၀၂၃ ရာသီတွင် ရှမ်းယူနိုက်တက်အသင်း၌ ကစားခဲ့စဉ်က ပုံမှန်ပွဲထွက်ခွင့် ရရှိခဲ့သည့် အမာခံကစားသမားဖြစ်ခဲ့ပြီး ဂိုးများလည်း သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။
မြတ်ကောင်းခန့်သည် အင်ဒိုနီးရှားကလပ် ပါဆီကာဘိုအသင်းထံသို့ ရောက်ရှိခဲ့ပြီးနောက် အသင်းအတွက် ၁၆ ပွဲကစား နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။
မြတ်ကောင်းခန့်သည် ၂၀၂၃- ၂၀၂၄ ရာသီအကုန်တွင် အင်ဒိုနီးရှားကလပ် ပါဆီကာဘိုအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားသောကြောင့် ယခုရာသီအစ ပြည်တွင်းပြိုင်ပွဲဖြစ်သည့် MNL League Cup ပြိုင်ပွဲတွင် အသင်းဟောင်း ရှမ်းယူနိုက်တက်အသင်း၌ ဝင်ရောက်ကစားခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ကစားသမားအား ဦးစားပေးသည့်အနေဖြင့် ပြည်ပသို့ ထွက်ခွာကစားခွင့်ရရန် စာချုပ်မချုပ်ဆိုသေးဘဲ ယခုရာသီဝက်အပြောင်းအရွှေ့ကာလရောက်မှသာ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြတ်ကောင်းခန့်သည် ရှမ်းယူနိုက်တက်အသင်းမတိုင်မီ ရတနာပုံအသင်း၊ ထိုင်းကလပ် ချိုင်နတ်ဟွန်ဘေးအသင်းတို့တွင် ကစားခဲ့ဖူးသူဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီတွင် ပြည်တွင်းပြိုင်ပွဲသာ မဟုတ်ဘဲ ပြည်ပပြိုင်ပွဲများဖြစ်သည့် အာဆီယံကလပ်ပြိုင်ပွဲ(AFF Shopee Cup) နှင့် AFC Challenge Cup ပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်နေလျက်ရှိသောကြောင့် ကစားသမားဖြည့်တင်းမှု ဆက်လက်လုပ်ဆောင်ဦးမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
