မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် စကော့တလန်နိုင်ငံသား ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့ကို မြန်မာအမျိုးသားလက်ရွေးစင်အသင်းအတွက်သာမက သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများအတွက်ပါရည်ရွယ်၍ ကာလရှည်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် စကော့တလန်နိုင်ငံသား ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့အား ချုပ်ဆိုလိုက်သည့် စာချုပ်သက်တမ်းကို တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း သက်တမ်းအလိုက် လူငယ်အသင်းများအတွက် ကြံ့ခိုင်ရေးပိုင်းကို အခြေခံမှစပြီး တည်ဆောက်လိုခြင်းကြောင့် ကာလရှည်စာချုပ် ချုပ်ဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့သည် နေရပ်သို့ခေတ္တပြန်လျက်ရှိပြီး ယခုလကုန်ပိုင်းမှသာ မြန်မာ့လက်ရွေးစင်အသင်းနှင့် ပူးပေါင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်က '' ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်နဲ့ ကျွန်တော်တို့ ညှိနှိုင်းမှုက အဆင်ပြေပါတယ်။ လောလောဆယ်တော့ သူ အသင်းနဲ့ မပူးပေါင်းနိုင်သေးပါဘူး။ ဒီလကုန်မှ ရောက်လာပါလိမ့်မယ်။ စာချုပ်သက်တမ်းကိုတော့ ကာလရှည် ချုပ်ဆိုထားပါတယ်။ လူငယ်အသင်းတွေအတွက်ပါ ကြံ့ခိုင်ရေးပိုင်းကို စနစ်တကျနဲ့ ရေရှည်တည်ဆောက်သွားချင်လို့ပါ''ဟု Eleven Sports သို့ ပြောကြားသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာအမျိုးသားလက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်း၊ လက်ထောက်နည်းပြနှစ်ဦးအဖြစ် ဦးဇော်ဝင်းထွန်း၊ ဦးမင်းသူ၊ ဂိုးနည်းပြအဖြစ် ဂျာမနီနိုင်ငံသား မိုက်အန်ဒရီကို့စ်တို့ (၄)ဦးကို တာဝန်ပေးအပ်ထားပြီး ယခုအခါ ကြံ့ခိုင်ရေးနည်းပြအဖြစ် စကော့တလန်နိုင်ငံသား ရစ်ဖ်ရစ်ချတ်ဟောလော့ကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
စကော့တလန်နိုင်ငံသား ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့သည် ဂျာမနီနိုင်ငံသားနည်းပြ ဖိုက်ရှ်အွန်ဘိုင်နာလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ဧပြီအတွင်းက MFF နှင့် နှစ်ဦးသဘောတူလမ်းခွဲထားခြင်းဖြစ်ကြောင်း သိရသည်။
စကော့တလန်နိုင်ငံသား ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့သည် MFF နှင့် လမ်းခွဲပြီးနောက် ထိုင်းလိဂ်-၃ ကလပ် ထရန့်ယူနိုက်တက်အသင်းသို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာလကုန်အထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့သည် ယခုတစ်ကြိမ် MFF နှင့် ပြန်လည်လက်တွဲခဲ့ရာတွင် မြန်မာ့လက်ရွေးစင်အသင်းကြီးအတွက်သာမက သက်တမ်းအလိုက်လူငယ်လက်ရွေးစင်အသင်းများ၏ ကြံ့ခိုင်ရေးပိုင်းကို တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းလက်ထက်တွင် FIFA အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲအဖြစ် သီရိလင်္ကာလက်ရွေးစင်အသင်းနှင့် ရန်ကုန်မြိုတွင် ကစားခဲ့ရာ(၂-၀) ဂိုးဖြင့် တစ်ပွဲနိုင်ခဲ့ပြီး ဂိုးမရှိတစ်ပွဲသရေကျခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
