ဗြိတိန်သတင်းစာ Daily Mail က စပို့တင်းလစ္စဘွန်းနည်းပြ အယ်လ်မီရွန်သည် မန်စီးတီးနည်းပြ ဖြစ်လာနိုင်သည်ဟု သုံးသပ်ဖော်ပြခဲ့သည်။
မန်စီးတီးအသင်းသည် ဘောလုံးဒါရိုက်တာနေရာ အပြောင်းအလဲပြုလုပ်မည်ဖြစ်ရာ နည်းပြနေရာလည်း အပြောင်းအလဲဖြစ်လာဖွယ်ရှိကြောင်း သုံးသပ်မှုများရှိနေသည်။
လက်ရှိနည်းပြ ဂွါဒီယိုလာသည် ဘီဂီရီစတိန်း၏ ခေါ်ယူမှုဖြင့် မန်စီးတီးအသင်းထံ ရောက်ရှိခဲ့သူဖြစ်သောကြောင့် ဘီဂီရီစတိန်း လမ်းခွဲပါက ၎င်းအနေဖြင့်လည်း မန်စီးတီးအသင်းတွင် အနာဂတ်မရေရာတော့ကြောင်း သုံးသပ်နေခြင်းဖြစ်သည်။
မန်စီးတီးအသင်းက ၎င်းကို မဆုံးရှုံးရစေရန်အတွက် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေသော်လည်း မအောင်မြင်ခဲ့ပါက ဟူဂိုဗီယာနာနှင့် ဆက်စပ်မှုအရ စပို့တင်းလစ္စဘွန်းနည်းပြ အယ်လ်မီရွန်ကို မန်စီးတီးနည်းပြအဖြစ် မြင်တွေ့ရနိုင်ခြေရှိကြောင်း Daily Mail က သုံးသပ်ခဲ့သည်။
အယ်လ်မီရွန်သည် စပို့တင်းလစ္စဘွန်းကို ကိုင်တွယ်ခဲ့သည့် (၄)ရာသီအတွင်း အမှတ်ပေးချန်ပီယံဆု (၂)ကြိမ် ရယူပေးနိုင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်၌ မန်ယူအသင်းက တန်ဟက်ဂ်နေရာ အစားထိုးရန် ရည်ရွယ်ထားသည့် နည်းပြတစ်ဦးလည်းဖြစ်သည်။
မန်စီးတီးအသင်း၏ ဘောလုံးဒါရိုက်တာသစ်ဖြစ်လာမည့် ဟူဂိုဗီယာနာသည် ဂွါဒီယိုလာသာ လမ်းခွဲသွားခဲ့ပါက အယ်လ်မီရွန်ကို ခေါ်ယူဖွယ်ရှိသည်ဟု Daily Mail က သုံးသပ်ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
