နာပိုလီ၊ အတ္တလန်တာအသင်းတို့တွင်ကစားခဲ့သည့် အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟောင်း ဒန်းနစ်က လက်ရှိအင်တာမီလန်အသင်းတွင်ကစားနေသည့် အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ် (၂၇ နှစ်)မှာ အခြားမည်သည့်ကစားသမားထက်မဆို Ballon d'Or ဆုနှင့် ပိုမိုထိုက်တန်သူဖြစ်ကြောင်း ပြောကြားခဲ့သည်။
လော်တာရိုမာတီနက်ဇ်သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၄၄)ပွဲကစားရာတွင် (၂၇) ဂိုးသွင်းယူခဲ့သလို၊ စီးရီးအေရွှေဖိနပ်ဆု (၂၄ ဂိုး)နှင့် စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ကိုရရှိခဲ့သည်။
ထို့ပြင် စီးရီးအေတစ်နှစ်တာအကောင်းဆုံးအသင်းတွင်ပါဝင်ခဲ့သလို၊ အာဂျင်တီးနားလက်ရွေးစင်အသင်းနှင့်လည်း ၂၀၂၄ ကိုပါအမေရိကချန်ပီယံဆုကို အဓိကကစားသမားအဖြစ်ရယူနိုင်ခဲ့သည့်အပြင် ကိုပါအမေရိကရွှေဖိနပ်ဆုနှင့် ပြိုင်ပွဲအကောင်းဆုံးအသင်းတို့တွင် ပါဝင်နိုင်ခဲ့သည်။
ဒန်းနစ်က ''ဒီရာသီမှာ လော်တာရိုမာတီနက်ဇ်ဟာ ဘယ်ကစားသမားထက်မဆို Ballon d'Or ဆုနဲ့ပိုမိုထိုက်တန်တဲ့နှစ်ပါ။ ဘာကြောင့်လဲဆိုရင် သူဟာ ဆုဖလားတွေရခဲ့သလို၊ ဂိုးတွေလည်းအများကြီးသွင်းယူခဲ့လို့ပါပဲ''ဟုဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
