ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်တွင် VAR ဒိုင်ဖြစ်သူ စတူးအပ်အတ်ဝဲလ်ကို ဝေဖန်ခဲ့သည့် နော်တင်ဟမ်အသင်းကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) က ဒဏ်ကြေးပေါင်(၇၅၀၀၀၀) ချမှတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်ရာသီ ပွဲစဉ် (၃၄)အဖြစ် ဧပြီ ၂၁ ရက်က ယှဉ်ပြိုင်ကစားသည့် အဲဗာတန် (၂-၀) နော်တင်ဟမ်ပွဲစဉ်အပြီးတွင် ယင်းပွဲကို တာဝန်ယူခဲ့သည့် VAR ဒိုင် မှာ လူတန်အသင်း၏ ပရိသတ်တစ်ဦးဖြစ်ကြောင်း၊ ယင်းပွဲတွင် မိမိတို့ရရှိသင့်သည့် ပယ်နယ်တီသုံးကြိမ်ကို ခွင့်မပြုခြင်းမှာ လက်ခံနိုင်စရာမရှိကြောင်း၊ စိတ်ရှည်သည်းခံမှုကို အကြိမ်ကြိမ် စမ်းသပ်ခံရပြီးဖြစ်သောကြောင့် ရွေးချယ်စရာများကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း နော်တင်ဟမ်အသင်းက ၎င်းတို့၏ တရားဝင် X အကောင့်တွင် ဝေဖန်ရေးသားခဲ့သည်။
နော်တင်ဟမ်အသင်းမှာ ထိုအချိန်က တန်းဆင်းဇုန်မှ လွတ်မြောက်ရန် လူတန်အသင်းနှင့်အပြိုင် ရုန်းကန်နေရချိန်ဖြစ်သည်။
နော်တင်ဟမ်အသင်း၏ စွပ်စွဲရေးသားမှုမှာ စည်းမျဉ်း E 3.1 ချိုးဖောက်သည်ဟုဆိုကာ FA က ဒဏ်ကြေးပေါင်(၇၅၀၀၀၀)ချမှတ်ကြောင်း ထုတ်ပြန်ခဲ့ပြီး သတိပေးမှုလည်း ပြုလုပ်ခဲ့သည်။
နော်တင်ဟမ်အသင်းကမူ ပြစ်ဒဏ်ချမှတ်သည့် ဆုံးဖြတ်ချက်အပေါ် အလွန်စိတ်ပျက်မိကြောင်းနှင့် အယူခံဝင်သွားမည်ဖြစ်ကြောင်း တုံ့ပြန်ကြေညာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
