ချယ်လ်ဆီးအသင်းသည် လက်ရှိအသုံးပြုနေသည့် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကိုသာ ပရိသတ်(၅၅၀၀၀)ဝင်ဆံ့သည့်ကွင်းအဖြစ် တိုးချဲ့တည်ဆောက်သွားရန် ဆုံးဖြတ်ဖွယ်ရှိနေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကို စွန့်ခွာ၍ Earl's Court အရပ်၌ ကွင်းသစ်တည်ဆောက်ရန် စီစဉ်နေကြောင်း ပြီးခဲ့သည့်လအတွင်း သတင်းထွက်ခဲ့သော်လည်း ယခုအခါ လက်ရှိကွင်းကိုသာ တိုးချဲ့တည်ဆောက်ရန် အလားအလာပိုများလာကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
စတမ်းဖို့ဒ်ဘရစ်ချ်ကို စွန့်ခွာ၍ ကွင်းသစ်ဆောက်လိုသည့် အစီအစဉ်မှာ ချယ်လ်ဆီးအသင်း၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ပူးတွဲပိုင်ရှင် တော့ဒ်ဘိုလီ၏ အစီအစဉ်ဖြစ်ပြီး အခြားသော ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သည့် အက်ဂ်ဘာလီက စတမ်းဖို့ဒ်ဘရစ်ချ်ကိုသာ တိုးချဲ့တည်ဆောက်ရန် စီစဉ်ခြင်းဖြစ်သည်။
၎င်းတို့ နှစ်ဦးသည် ချယ်လ်ဆီးအသင်း၌ အားပြိုင်မှုများရှိနေပြီး ချယ်လ်ဆီးအသင်း၏ ကွင်းသစ်စီမံကိန်းမှာလည်း အဆိုပါ အားပြိုင်မှုအပေါ် မူတည်နေပြီဖြစ်ကြောင်း သိရသည်။
တော့ဒ်ဘိုလီသည် ချယ်လ်ဆီးအသင်းကို စတင်ဝယ်ယူခဲ့စဉ်ကတည်းက ပူးတွဲပိုင်ရှင်များထဲတွင် ဦးဆောင်သူတစ်ဦးအဖြစ် ရပ်တည်ခဲ့သော်လည်း ၎င်းလက်ထက် အသင်း၏ အပြောင်းအရွှေ့မူဝါဒ၊ ရလဒ်ပိုင်းနှင့် ကွင်းသစ်စီမံကိန်းအတွက် အကောင်အထည်ဖော်ရာတွင် အားနည်းခြင်းတို့ကြောင့် မေးခွန်းထုတ်မှုများ ရှိလာခဲ့ပြီးနောက် အက်ဂ်ဘာလီနှင့် သဘောထားတင်းမာမှုများ ရှိလာခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြီးခဲ့သည့်လအတွင်းတွင် ၎င်းတို့အနေဖြင့် တစ်ဦးပိုင်ဆိုင်ထားသည့် ရှယ်ယာကို တစ်ဦးက ဝယ်ယူ၍ လမ်းခွဲရန် ကြိုးပမ်းနေကြောင်းလည်း သတင်းထွက်ခဲ့သည်။
ထို့ပြင် ပူးတွဲပိုင်ရှင်များအကြား ရယူထားသည့် သဘောတူညီချက်အရ တော့ဒ်ဘိုလီသည် မကြာမီ ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားပေးရမည်ဖြစ်ပြီး အက်ဂ်ဘာလီက လွှဲပြောင်းရယူဖွယ်ရှိသည့်အတွက် အက်ဂ်ဘာလီ၏ အစီအစဉ်အတိုင်း ဖြစ်မြောက်လာရန် ပိုမိုအလားအလာကောင်းနေခြင်းဖြစ်ကြောင်း သိရသည်။
တော့ဒ်ဘိုလီက လက်ရှိအချိန်တွင် ပရိသတ်(၄၀၀၀၀)ကျော်သာဝင်ဆံ့သည့် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကို စွန့်ခွာပြီး Earl's Court အရပ်၌ ပရိသတ်(၆၀၀၀၀)ဝင်ဆ့ံသည့်ကွင်းသစ် တည်ဆောက်သွားရန် ဆန္ဒရှိခြင်းဖြစ်သည်။
အက်ဂ်ဘာလီကမူ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကိုပင် ပေါင်(၁.၅)ဘီလီယံ အကုန်အကျခံ၍ ပရိသတ်(၅၅၀၀၀)ဝင်ဆံ့သည့်ကွင်းအဖြစ် တိုးချဲ့တည်ဆောက်လိုခြင်းဖြစ်သည်။
ယခုအခါ ဘုတ်အဖွဲ့အတွင်း အက်ဂ်ဘာလီ၏ အရေးပါမှု ပိုမိုမြင့်တက်လာသည့်အတွက် ၎င်း၏စီမံကိန်းအတိုင်း အကောင်အထည်ဖော်ရန် ပိုမိုနီးစပ်လာခြင်းဖြစ်သည်။
ယင်းကဲ့သို့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကို တိုးချဲ့တည်ဆောက်မည်ဆိုပါကလည်း တည်ဆောက်မှုပြုလုပ်မည့်ကာလ၌ အခြားကွင်းတစ်ကွင်းကို အိမ်ကွင်းအဖြစ် (၂) နှစ်ဝန်းကျင် ငှားရမ်းအသုံးရမည်ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
