အင်္ဂလန်လက်ရွေးစင်အသင်း၏ ဂိုးသမား ဒင်းန်ဟန်ဒါဆန်သည် အင်္ဂလန်အသင်းအတွက် ဒုတိယအကြိမ် ပွဲကစားခွင့်ရရှိရန် ရက်ပေါင်း(၁၄၃၁)ရက် စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။
ဟန်ဒါဆန်(၂၇ နှစ်)သည် ၂၀၁၉ ခုနှစ်တွင် ဂိုးသမား တွမ်ဟီလ်တန် ဒဏ်ရာရရှိသွားသည့်အတွက် လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခေါ်ယူခြင်းခံခဲ့ရသည်။
ထို့နောက် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ယှဉ်ပြိုင်ကစားခဲ့သော အိုင်ယာလန်နှင့် ခြေစမ်းပွဲ၌ နစ်ပုပ်အစား လူစားဝင်ကစားခွင့်ရခဲ့သည်။
၎င်းသည် ယင်းပွဲပြီးကတည်းက အရန်ခုံထိုင်နေခဲ့ရခြင်းဖြစ်ပြီး တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ဖင်လန်နှင့် Nations League ပွဲစဉ်ရောက်မှ ပြန်လည်ကစားခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
အင်္ဂလန်လက်ရွေးစင်အသင်း၏ ယာယီနည်းပြ လီကာစလေသည် ဖင်လန်နှင့်ပွဲတွင် ဟန်ဒါဆန်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။
လီကာစလေသည် ဂရိအသင်းကို ရှုံးနိမ့်ခဲ့သောပွဲ၌ ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသော ဂိုးသမား ပစ်ဖို့ဒ်ကို အရန်ခုံပို့၍ ဟန်ဒါဆန်ကို ပွဲထွက်စေခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
