စပါးအသင်းနှင့် တောင်ကိုရီးယားလက်ရွေးစင်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်၏ ဖခင်ဖြစ်သူ ဆွန်ဝူးဂျွန်သည် သင်တန်းသားတစ်ဦးကို ထောင့်ကန်ဘောအလံတိုင်ဖြင့် ရိုက်နှက်သောကြောင့် ကလေးသူငယ်စောင့်ရှောက်ရေး ဥပဒေချိုးဖောက်မှုဖြင့် ဒဏ်ကြေး ဝမ်သုံးသန်းချမှတ်ခံရကြောင်း သိရသည်။
ဆွန်ဝူးဂျွန် (၆၂ နှစ်) သည် သားဖြစ်သူ ဖွင့်လှစ်ထားသည့် "ဆွန်ဘောလုံးအကယ်ဒမီ" တွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး မတ် ၉ ရက် က ဂျပန်နိုင်ငံ၊ အိုကီနာဝါမြို့ရှိ လေ့ကျင့်ရေးသင်တန်း၌ သင်တန်းသားတစ်ဦးကို ထောင့်ကန်ဘောအလံတိုင်ဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါသင်တန်းသားမှာ ပြိုင်ပွဲသို့ နောက်ဆုံးမှရောက်ရှိလာသဖြင့် ၎င်း၏ပေါင်ကို အလံတိုင်ဖြင့် တစ်ချက်ရိုက်ခဲ့ခြင်းဖြစ်ပြီး ဆွန်ဝူးဂျွန်က ၎င်း၏လုပ်ရပ်အတွက် ပြန်လည်တောင်းပန်ခဲ့သည်။ သင်တန်းသား၏မိဘများက မတ်လအတွင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီး သားဖြစ်သူမှာ အရိုက်ခံရသည့်ဒဏ်ရာကြောင့် နှစ်ပတ်ကြာ ကုသမှုခံယူခဲ့ရကြောင်း ပြောကြားခဲ့သည်။
အဆိုပါအမှုကို ဧပြီတွင် ရဲတပ်ဖွဲ့က အစိုးရရှေ့နေများထံ လွှဲပြောင်းပေးခဲ့ပြီးနောက် ယခုအခါ ဆွန်ဝူးဂျွန်အား ကလေးငယ်သူငယ်စောင့်ရှောက်ရေးဥပဒေချိုးဖောက်မှုဖြင့် ဝမ်သုံးသန်း (၁၆၈၃ ပေါင်) ဒဏ်ကြေးချမှတ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းနှင့်အတူ အကယ်ဒမီနည်းပြ အဖွဲ့ဝင်နှစ်ဦးကိုလည်း အလားတူ ဥပဒေချိုးဖောက်မှုဖြင့် ဝမ်သုံးသန်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ဆွန်ဝူးဂျွန်က ၎င်း၏လုပ်ရပ်အတွက် တောင်းပန်ခဲ့သော်လည်း သင်တန်းသားများအပေါ် ကိုယ်ထိလက်ရောက် မတရားကျူးလွန်ခြင်းမဟုတ်ကြောင်း ငြင်းဆန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
