သီတင်းကျွတ် ပွဲတော်ကာလ ပုဂံရှေးဟောင်းယဉ်ကျေးမှုအ မွေအနှစ်ဒေသအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သ ည်များ စေတီ၊ ပုထိုးများ စုံလင်စွာ ကြည့်ရှုလေ့လာနိုင်ရန် ယခင်ကထက်တိုးချဲ့၍ မြင်းလှည်းအစီးရေ (၁၀၀) ကျော်ဖြင့် နေ့စဉ်ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း ပုဂံဒေသခံ မြင်းလှည်းအသင်းမှ သိရသည်။
ခရီးသွားဧည့်သည်များ စေတီ၊ ပုထိုးများကို နောက်ခံထား ၍ မြင်းလှည်းစီး ဓာတ်ပုံရိုက်ကူးခြင်း၊ စေတီ၊ ဂူဘုရားများအကြား သွားလာရခြင်း၊ နေဝင်ဆည်းဆာအလှ ကြည့်ရှုနိုင်ရန် အထင်ကရဘုရားစေတီများအနီးရှိ မြင်းလှည်းဂိတ်များနှင့် ဆာကူရာ၊ သရပါ၊ ပုဂံသံတဲနှင့် ပုဂံဟိုတယ်များအနီး ဂိတ်များထိုး၍ ယခင်ကထက် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
“မြင်းလှည်းလေး စီးပြီး လည်ပတ်ရတာ ပိုသဘောကျမိတ ယ်။ ဝန်ဆောင်မှုလည်းကောင်းတယ်။ တခြား E Bike တွေ ဘာတွေကျတော့ ရင်းနှီးပြီး စီးဖူးပြီးသားလေ ရန်ကုန်မှာက မြင်းလှည်းဆိုတာ တစ်ခါ တစ်လေ ကလေးစီးသလောက်ပဲ ရပ်ကွက်ထဲမှာ ရှိတာဆိုတော့ ပုံဂံရောက်တုန်းလေး မြင်းလှ ည်း စီးပြီး လည်ဖြစ်တယ်”ဟု ပုံဂံဒေသသို့ သွားရောက်လည်ပတ်သူ ဧည့်သည့်တစ်ဦးက ပြောသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း ခရီး သွားဝန်ဆောင်မှုပေးနေသော မြင်းလှည်းအစီးရေ (၁၀၀) ကျော်ရှိပြီး မြင်းလှည်းစီး၍ စေတီပုထိုးများကို ကြည့်ရှုလေ့လာပါက တစ်နာရီလျှင် ငွေကျပ် (၁၅၀၀၀) ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ပုဂံဒေသခရီးသွားရာသီမှာ အောက် တိုဘာလမှ မတ်လအတွင်းဖြစ်ပြီး သီတင်းကျွတ်ပွဲတော်ကာလ ပုဂံဒေသတွင် အောက်တိုဘာ (၁၅) ရက်မှ (၁၈)ရက်အထိ ဟိုတယ်ခန်း အပြည့်ကြိုတင်မှာယူထားမှုများရှိကာ အောက်တိုဘာ (၁၃) ရက်မှစတင်၍ ဘုရားဖူးများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ပုံဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဒေသခံများမှာ ခရီးသွားကဏ္ဍနှင့် ရပ်တည်နေရသည့် ဒေသဖြစ်သော ကြောင့် ခရီးသွားများ အားလုံးကို ကောင်းမွန်ချိုသာသည့် စကားနှင့် ဝန်ဆောင်မှုပေးရန် မြင်းလှည်းမောင်းသူများကို တိုက်တွန်းထားကြောင်း ပုဂံမြင်းလှည်းအသင်း ဥက္ကဋ္ဌ ဦးမြတ်သူက ဆိုသည်။
ပုဂံယဉ်ကျေးမှု နယ်မြေတွင် အခြားသော ပို့ဆောင်ရေးယာ ဉ်များထက် မြင်းလှည်းကို ပြည်တွင်း၊ ပြည်ပ ခရီးသွားများ နှစ်သက်အားပေးလျက်ရှိပြီး ယနေ့အချိန်တွင် မြင်းလှည်းများကို မန္တလေး၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ ပုပ္ပား၊ မင်းကွန်းနှင့် ပုဂံတို့တွင် နှစ်ဘီးတပ် မြင်းလှည်းများဖြင့် အ သုံးပြုလျက်ရှိပြီး တောင်ကြီးနှင့် ပြင်ဦးလွင်တို့တွင် လေးဘီးတပ် ရထားလုံးများဖြင့် ခရီးသွားဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
