အက်သလက်တီကိုအသင်းသည် အသင်း၏ တိုက်စစ်မှူးသစ်ဖြစ်သူ အယ်လ်ဗာရက်ဇ်၏ စျေးကွက်တန်ကြေး လျော့ကျသွားပြီးနောက် လာမည့် ၂၀၂၅ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်နှင့် နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း ကစားသမားသစ်များ ထပ်မံခေါ်ယူသွားရန်စီစဉ်နေပြီး ခံစစ်မှူးတစ်ဦး၊ တိုက်စစ်မှူးတစ်ဦး ရွေးချယ်ရဖွယ်ရှိနေကြောင်း သိရသည်။
အက်သလက်တီကိုအသင်းသည် အသင်း၏ တိုက်စစ်ပိုင်းအပြောင်းအလဲအတွက်ရည်ရွယ်ကာ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းထံမှ အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူး အယ်လ်ဗာရက်ဇ် (၂၄ နှစ်)ကို ယူရို (၉၅)သန်းအထိပေးပြီးခေါ်ယူခဲ့သော်လည်း အယ်လ်ဗာရက်ဇ်မှာ မက်ဒရစ်မြေတွင် ပုံမှန်ခြေစွမ်းပြရန် ရုန်းကန်နေရသလို၊ ပြိုင်ပွဲစုံ (၁၁)ပွဲကစားရာတွင် (၃)ဂိုးသာသွင်းယူထားနိုင်ပြီး ဖိအားများနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။
ထို့ပြင် Transfermarkt ၏ထုတ်ပြန်ချက်အရ အယ်လ်ဗာရက်ဇ်၏ စျေးကွက်တန်ကြေးမှာ ယူရို (၇၅)သန်းသာကျန်ရှိတော့ပြီး တစ်လနီးပါးအတွင်း (၁၅%)လျော့နည်းသွားကြောင်း သိရသည်။
ထို့ကြောင့် အက်သလက်တီကိုအသင်းသည် အယ်လ်ဗာရက်ဇ်၏ ခြေစွမ်းအမှန်ကိုမြင်တွေ့ခွင်ရရန်အတွက် ၎င်းနှင့်တွဲဖက်ကစားနိုင်သည့် တိုက်စစ်ကစားသမားတစ်ဦးကိုခေါ်ယူရန်ဆန္ဒရှိနေပြီး၊ ခံစစ်ပိုင်းအတွက်လည်း ထိပ်တန်းအဆင့် နောက်ခံလူတစ်ဦးကိုခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
အက်သလက်တီကိုအသင်းသည် လက်ရှိလာလီဂါပွဲစဉ် (၉) ပွဲကစားပြီးချိန်တွင် (၄)ပွဲနိုင်၊ (၅)ပွဲ သရေ၊ (၁၇)မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၃)နေရာတွင် ရပ်တည်နေသော်လည်း ထိပ်ဆုံးမှ ဘာစီလိုနာနှင့် (၇)မှတ်အထိ ကွာဟနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
