နာမည်ကျော်ဘောလုံးစျေးကွက် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Transfermarkt မှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သော ၂၀၂၄-၂၅ ရာသီ လာလီဂါပြိုင်ပွဲ၏ စျေးကွက်တန်ကြေးအမြင့်ဆုံးကစားသမားစာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်း၏ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး ဗင်နီစီယပ်စ်က စျေးကွက်တန်ကြေး ယူရိုသန်း (၂၀၀)ဖြင့် အသင်းဖော် ပြင်သစ်တိုက်စစ်မှူးဘာပေ (ယူရိုသန်း ၁၈၀)ကိုကျော်ဖြတ်ကာ ထိပ်ဆုံးတွင်ရပ်တည်ခဲ့ကြောင်း သိရသည်။
ထို့ပြင် လာလီဂါ၏ စျေးကွက်တန်ကြေးအမြင့်ဆုံးကစားသမား ထိပ်ဆုံး (၁၀)ဦးစာရင်းတွင် စပိန်ဘီလူးနှစ်သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ် (၇ ဦး)နှင့် ဘာစီလိုနာ (၃ ဦး)ကစားသမားများကသာ ပြတ်ပြတ်သားသား လွှမ်းမိုးနိုင်ခဲ့သည်။
Transfermarkt သည် ကစားသမားများ၏ အသက်အရွယ်၊ အောင်မြင်မှု၊ ခြေစွမ်း၊ ပုံရိပ်မြင့်မားမှု၊ ကိုယ်စားပြုနေသည့်ကလပ်အသင်း/လက်ရွေးစင်အသင်း၊ စာချုပ်သက်တမ်းနှင့် ကျော်ကြားမှုတို့ကို ချိန်ထိုးတွက်ချက်ကာ စျေးကွက်တန်ကြေးများကို တွက်ချက်ဖော်ပြလျက်ရှိပြီး ပြီးခဲ့သည့်ရာသီက ရီးယဲလ်မက်ဒရစ်အသင်းနှင့် အောင်မြင်မှုများစွာရယူနိုင်ခဲ့သည့် ဗင်နီစီယပ်စ် (၂၄ နှစ်)က လာလီဂါစျေးအကြီးဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။
ဗင်နီစီယပ်စ်သည် ပြီးခဲ့သည့်စက်တင်ဘာလအတွင်းက စျေးကွက်တန်ကြေး ယူရိုသန်း (၁၈၀) ရှိခဲ့သော်လည်း တစ်လနီးပါးကာလအတွင်း တန်ကြေး ယူရိုသန်း (၂၀၀)အထိ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ဘာပေ (၂၀၂၂)နှင့် ဟော်လန်း (၂၀၂၄)တို့၏နောက် ဘောလုံးသမိုင်းတစ်လျှောက် စျေးကွက်တန်ကြေး ယူရိုသန်း (၂၀၀) ပြည့်သည့် တတိယမြောက်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ဗင်နီစီယပ်စ်၏နောက် ဒုတိယနေရာတွင် ရီးယဲလ်ကစားသမားများပင်ဖြစ်သည့် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဘယ်လင်ဂမ် (၂၁ နှစ်)နှင့် ပြင်သစ်တိုက်စစ်မှူး ဘာပေ (၂၅ နှစ်)တို့က စျေးကွက်တန်ကြေး ယူရိုသန်း (၁၈၀)စီဖြင့်ရပ်တည်နေပြီး၊ စတုတ္ထနေရာတွင်မူ ဘာစီလိုနာအသင်း၏ စပိန်ကြယ်ပွင့် တောင်ပံကစားသမား ယမားလ် (၁၇ နှစ်)က တန်ကြေး ယူရိုသန်း (၁၅၀)ဖြင့် ရပ်တည်နေကြောင်း သိရသည်။
ယမားလ်မှာလည်း ဗင်နီစီယပ်စ်ကဲ့သို့ပင် စျေးကွက်တန်ကြေး ယူရိုသန်း (၃၀)မြင့်တက်လာခြင်းဖြစ်ကာ ပြီးခဲ့သည့်လအတွင်း တန်ကြေး သန်း (၁၂၀)မှ သန်း (၁၅၀)သို့ တိုးမြင့်လာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဗင်နီစီယပ်စ်နှင့် ယမားလ်တို့သည် စျေးကွက်တန်ကြေးအမြင့်တက်ဆုံး လာလီဂါကစားသမားများအဖြစ် ရပ်တည်နိုင်ခဲ့သလို၊ ဘရာဇီးလ်ဘောလုံးသမိုင်းနှင့် စပိန်ဘောလုံးသမိုင်းတစ်လျှောက် စျေးကွက်တန်ကြေး အကြီးဆုံးကစားသမားများအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ ဗင်နီစီယပ်စ်သည် နေမာ (၂၀၁၈ ယူရိုသန်း ၁၈၀) ကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ယမားလ်မှာမူ ၀ါရင့်ကွင်းလယ်လူ ရိုဒရီ (၂၀၂၄ ယူရိုသန်း ၁၃၀) ကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။
လာလီဂါ၏ စျေးကွက်တန်ကြေးအမြင့်ဆုံးကစားသမားစာရင်း၏ အဆင့် (၁၁)နေရာတွင်မူ အက်သလက်တီကိုအသင်းမှ အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူး ဂျူလီယန်အယ်လ်ဗာရက်ဇ်က ယူရို (၇၅)သန်းဖြင့်ရပ်တည်နေပြီး မန်စီးတီးတွင်ရှိနေစဉ်ကထက် တန်ကြေးယူရို (၁၅)သန်း လျှော့ချသတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။
၂၀၂၄-၂၅ ရာသီ စပိန်လာလီဂါပြိုင်ပွဲ၏ စျေးကွက်တန်ကြေး အမြင့်ဆုံးကစားသမားများ
အမည် အသင်း စျေးကွက်တန်ကြေး (ယူရို)
ဗင်နီစီယပ်စ် ရီးယဲလ် သန်း (၂၀၀)
ဘယ်လင်ဂမ် ရီးယဲလ် သန်း (၁၈၀)
ဘာပေ ရီးယဲလ် သန်း (၁၈၀)
ယမားလ် ဘာစီလိုနာ သန်း (၁၅၀)
ဗယ်လ်ဗာဒီ ရီးယဲလ် သန်း (၁၃၀)
ရိုဒရီဂို ရီးယဲလ် သန်း (၁၁၀)
ကာမာဗင်ဂါ ရီးယဲလ် သန်း (၁၀၀)
ချူယာမန်နီ ရီးယဲလ် သန်း (၁၀၀)
ဂါဗီ ဘာစီလိုနာ သန်း (၉၀)
ပတ်ဒရီ ဘာစီလိုနာ သန်း (၈၀)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
