ချယ်လ်ဆီးအသင်းသည် ယခုတစ်ပတ် နိုင်ငံတကာရက်သတ္တပတ်အလွန်တွင် ပရီးမီးယားလိဂ်ပွဲကျပ်ကာလကို ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိနေသည့်အတွက် ပွဲစဉ်(၇)အပြီး၌ အမှတ်ပေးဇယား စတုတ္ထနေရာတွင် ရပ်တည်နေသည်။
ထို့ကြောင့် နည်းပြ မာရက်စကာအနေဖြင့်လည်း စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို ရယူနိုင်ခဲ့သည်။
သို့သော် ချယ်လ်ဆီးအသင်းအနေဖြင့် ရာသီအဖွင့်ပွဲတွင် မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ထိပ်သီးအသင်းများနှင့် ရင်ဆိုင်ရခြင်းမရှိသည့်အတွက် ရလဒ်ကောင်းခဲ့ခြင်းဖြစ်ကြောင်း ထောက်ပြမှုများလည်းရှိနေသည်။
နိုင်ငံတကာရက်သတ္တပတ်အလွန်တွင်မူ ချယ်လ်ဆီးအသင်းသည် လီဗာပူးလ်(အဝေးကွင်း)၊ နယူးကာဆယ်(အိမ်ကွင်း)၊ မန်ယူ(အဝေးကွင်း)၊ အာဆင်နယ်(အိမ်ကွင်း)စသဖြင့် ထိပ်သီးပြိုင်ဘက်များနှင့် ဆက်တိုက်ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းနှင့် နည်းပြ မာရက်စကာတို့အတွက် အမှန်တကယ်စမ်းသပ်မှုမှာ ယခုမှစတင်မည်ဟုလည်း ပရိသတ်အချို့က သုံးသပ်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
