မြောက်ကိုရီးယားက နယ်စပ်ဒေသအနီးသို့ စစ်သားများ ဖြန့်ကြက်ချထားခဲ့ပြီး ပစ်ခတ်ရန် အသင့်ပြင်ထားရန် အမိန့်ပေးထားကြောင်း အောက်တိုဘာ ၁၃ ရက်က ပြောကြားခဲ့ပြီးနောက် တောင်ကိုရီးယားစစ်တပ်ကလည်း ထိုအခြေအနေကို အပြည့်အဝတုံ့ပြန်ရန် ပြင်ဆင်ထားကြောင်း အောက်တိုဘာ ၁၄ ရက်က ပြောကြားခဲ့သည်။
တောင်ကိုရီးယားသည် ၀ါဒဖြန့်စာစောင်များ ကြဲချရန်အတွက် မြောက်ကိုရီးယား၏ ပြုံယမ်းမြို့တော်ပေါ်သို့ ဒရုန်းများစေလွှတ် ပျံသန်းခဲ့ကြောင်း မြောက်ကိုရီးယားက စွပ်စွဲခဲ့ပြီး နောက်တစ်ကြိမ် ဒရုန်းများကို တွေ့ရှိခဲ့ မည်ဆိုပါက စစ်ကြေညာမှုအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၃ ရက်က စွပ်စွဲခဲ့သည်။
တောင်ကိုရီးယားစစ်တပ်ကမူ ထိုဒရုန်းများကို လွှတ်တင်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး ထိုဒရုန်းများကို တက်ကြွလှုပ်ရှားသည့် အဖွဲ့များက လွှတ်တင်ခြင်းဖြစ်နိုင်ကြောင်း ထင်မြင်ယူဆချက်များ ထွက်ပေါ်နေသည်။
သို့သော် မြောက်ကိုရီးယားကမူ ထိုဒရုန်းများ လွှတ်တင်မှုအတွက် တောင်ကိုရီးယား အစိုးရကို တိုက်ရိုက် အပြစ်တင်ခဲ့ပြီး စစ်ပွဲအတွက် အမြောက်တပ်မဟာ ရှစ်ခုကို ပစ်ခတ်ရန် အသင့်ပြင်ထားရန် အမိန့်ပေးခဲ့ပြီး ပြုံယမ်းမြို့တော်တွင် လေကြောင်းရန် စောင့်ကြည့်ရေး ကင်းစခန်းများကို အင်အားတိုးမြှင့်ခဲ့သည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ စစ်တပ်ဟာ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေအတွက် အပြည့်အဝ အသင့်ပြင်ထားပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်”ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS)၏ ပြောရေးဆိုခွင့်ရှိသူ လီဆောင်ဂျွန်းက ပြောကြားခဲ့သည်။
မကြာသေးမီရက်ပိုင်းအတွင်း ၀ါဒဖြန့် ဒရုန်းများသည် ပြုံယမ်းမြို့တော်၏ လေပိုင်နက်အတွင်းသို့ ဝင်ရောက် ပျံသန်းခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ သြဇာကြီးမားသည့် ညီမဖြစ်သူ ကင်ယိုဂျုံက ထိုဒရုန်းများကို တားဆီးခြင်းမပြုပါက တောင်ကိုရီးယားအနေဖြင့် ကြောက်မက်ဖွယ် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရမည်ဟု အောက်တိုဘာ ၁၂ ရက်က သတိပေးခဲ့သည်။
တောင်ကိုရီးယားစစ်တပ်၏ ဒရုန်းများကို မိမိတို့မြို့တော်၏ ကောင်းကင်ယံပေါ်တွင် နောက်တစ်ကြိမ် တွေ့ရှိခဲ့မည်ဆိုပါက ထိတ်လန့်ဖွယ်ကောင်းသည့် အန္တရာယ်တစ်ခု ကျိန်းသေဖြစ်ပွားလာလိမ့်မည်ဖြစ်ကြောင်း ကင်ယိုဂျုံက အောက်တိုဘာ ၁၂ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။
ထို့ပြင် အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင်လည်း ထိုဒရုန်းများ ပျံသန်းမှုသည် မိမိတို့နိုင်ငံအတွက် ခွင့်မလွှတ်နိုင်သည့် မလိုမုန်းထားသော စိန်ခေါ်မှု ဖြစ်ကြောင်း ကင်ယိုဂျုံက ပြောကြားခဲ့သည်။
မကြာသေးမီလများအတွင်းက မြောက်ကိုရီးယားသည် အမှိုက်အိတ်များ ချည်နှောင်ထားသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားဘက်သို့ လွှတ်တင်ခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးများ တင်းမာခဲ့သည်။
တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများက မြောက်ကိုရီးယား အစိုးရဆန့်ကျင်သည့် ၀ါဒဖြန့်စာစောင်များပါသည့် မိုးပျံပူဖောင်းများကို မြောက်ကိုရီးယားဘက်သို့ လွှတ်တင်ခဲ့မှုကို တုံ့ပြန်သည့်အနေဖြင့် ထိုသို့ အမှိုက်များပါသည့် မိုးပျံပူဖောင်းများကို ပြန်လည်လွှတ်တင်ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက ပြောကြားခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
