ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် လူမျိုးစုများအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သဖြင့် အမျိုးသမီးသုံးဦးနှင့် ကလေးနှစ်ဦးအပါအဝင် လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
ပါကစ္စတန်၏ ခိုင်ဘာ ပက်ခ်ထန်ခါ၀ါပြည်နယ် ကာရမ်ခရိုင်တွင် မကြာသေးမီ လများအတွင်း ဆွန်နီနှင့် ရှီးအိုက်မွတ်စလင် လူမျိုးစုများအကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။
တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားသည့် ကာရမ်ခရိုင်တွင် ဆွန်နီနှင့် ရှီးအိုက်မွတ်ဆလင်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် သမိုင်းကြောင်းရှိခဲသည်။
အောက်တိုဘာ ၁၂ ရက်က ဖြစ်ပွားသည့် တိုက်ခိုက်မှုတွင် ပြည်သူ့စစ်များ၏ ကာကွယ်မှုအောက်တွင် မောင်းနှင်နေသည့် ဆွန်နီ မွတ်ဆလင်များ လိုက်ပါလာသည့် မော်တော်ယာဉ်တန်းသည် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ကာရမ်အုပ်ချုပ်ရေးအရာရှိက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် အမျိုးသမီး သုံးဦး၊ ကလေးနှစ်ဦးအပါအဝင် လူ ၁၄ ဦး သေဆုံးကာ ခြောက်ဦးဒဏ်ရာရ ခဲ့သည်ဟု ထိုအရာရှိက ပြောကြားခဲ့သည်။ ထို့ပြင် ရဲတပ်ဖွဲ့၏ တုံ့ပြန်ဆောင်ရွက်မှုကြောင့် ရှီးအိုက် မွတ်ဆလင်များဖြစ်သည့် တိုက်ခိုက်သူနှစ်ဦးလည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
