စပိန်တင်းနစ်အကျော်အမော် နဒါးလ် နောက်ဆုံးယှဉ်ပြိုင်မည့် Davis Cup Finals အမျိုးသားအသင်းလိုက်တင်းနစ်ပြိုင်ပွဲ လက်မှတ်များ မှောင်ခိုစျေးကွက်တွင် အဆမတန်မြင့်တက်လျက်ရှိကြောင်း သိရသည်။
အချို့လက်မှတ်များသည် တစ်စောင်လျှင် ယူရို(၂၀၀၀၀)အထိ မြင့်တက်လျက်ရှိသည်ဟု သတင်းများက ဖော်ပြခဲ့သည်။
ပြိုင်ပွဲလက်ခံကျင်းပမည့် တင်းနစ်ကွင်းသည် ပရိသတ်အရေအတွက် (၁၀၆၀၀)ဦးသာ ဝင်ဆံ့ပြီး စပွန်ဆာများ နှင့် VIP ပုဂ္ဂိုလ်များအတွက် လက်မှတ်များစွာလည်း ဖယ်ထားရသည်။
Davis Cup Finals ပြိုင်ပွဲကို လာမည့် နိုဝင်ဘာလ(၈)ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကို နိုဝင်ဘာလ (၁၉)ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဂရင်းစလင်းချန်ပီယံဆု (၂၂)ကြိမ်ရရှိထားသည့် စပိန်ဂန္ထဝင်တင်းနစ်သမား နဒါးလ်က ယခုရာသီကုန်တွင် ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်း အောက်တိုဘာ (၁၀)ရက်တွင် အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။
အသက် (၃၈)နှစ်ရှိပြီဖြစ်သူ နဒါးလ်သည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဒဏ်ရာပြဿနာများကြောင့် ပွဲအနည်းငယ်သာ ယှဉ်ပြိုင်နိုင်ခဲ့ပြီး ၂၀၂၄ ရာသီကုန်တွင် အနားယူဖွယ်ရှိကြောင်း ပြီးခဲ့သည့်နှစ်ကတည်းက ထုတ်ဖော်ပြောကြားထားသည်။
၎င်းအနေဖြင့် နိုဝင်ဘာလအတွင်း စပိန်နိုင်ငံ၊ မာလာဂါမြို့၌ ကျင်းပမည့် Davis Cup Finals ပြိုင်ပွဲတွင် စပိန်အသင်းအတွက် ယှဉ်ပြိုင်ကစားပြီးနောက် အနားယူရန် စီစဉ်ထားခြင်းဖြစ်သည်။
နဒါးလ်က အနားယူမည့်ဆုံးဖြတ်ချက်ကို X တွင် (၄)မိနစ်၊ (၄၄)စက္ကန့်ကြာမြင့်သည့် ဗီဒီယိုဖိုင်လွှင့်တင်၍ အတည်ပြုကြေညာခဲ့သည်။ ''မြေစေးကွင်းဘုရင်'' ဟု သတ်မှတ်ခံထားရသူ နဒါးလ်သည် ပြင်သစ်အိုးပင်းပြိုင်ပွဲတွင် စံချိန်တင် (၁၄)ကြိမ်အပါအဝင် သြစတြေးလျအိုးပင်းပြိုင်ပွဲ၌ (၂)ကြိမ်၊ ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ်ပြိုင်ပွဲ၌ (၂)ကြိမ်၊ ယူအက်စ်အိုးပင်းပြိုင်ပွဲ၌ (၄)ကြိမ် ဗိုလ်စွဲပြီး ဂရင်းစလင်းချန်ပီယံဆု စုစုပေါင်း (၂၂)ကြိမ်ရရှိကာ ဆားဘီးယားကစားသမား နိုဗက်ဂျိုကိုဗစ် (၂၄ ကြိမ်) ပြီးလျှင် သမိုင်းတစ်လျှောက် ဒုတိယအအောင်မြင်ဆုံး အမျိုးသားတင်းနစ်သမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။
၎င်းသည် ATP Tour ပြိုင်ပွဲများတွင် ဆုဖလား (၉၂)ကြိမ်နှင့် အိုလံပစ်ရွှေတံဆိပ်ဆု နှစ်ကြိမ် (၂၀၀၈ တစ်ဦးချင်း၊ ၂၀၁၆ နှစ်ယောက်တွဲ) ရယူနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် (၁)နေရာတွင်လည်း ရက်သတ္တပတ်(၂၀၉)ပတ်ကြာ ရပ်တည်နိုင်ခဲ့သူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
