ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ သုခဒဂုံအငှားအိမ်ရာတွင် တတိ ယအသုတ်အတွက် အိမ်ခန်းငှားရမ်းနေထိုင်ခွင့်ကို ယခုအောက်တိုဘာနောက် ဆုံးပတ်တွင် ထပ်မံ၍ မဲနှိုက်ကာ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
မဲနှိုက်ကာ ရွေးချယ်ပေးမည့် အစီအစဉ်သည် သုခဒဂုံ ပြည်သူ့အငှား အိမ်ရာ၌ ထပ်မံဆောက်လုပ်ပြီးစီးသည့် အဆော က်အဦးများတွင် နေရေးအခက်အခဲ ရှိသူများအတွက် ငှား ရမ်းနေထိုင်ခွင့် လျှောက်ထားလာသော လျှောက်လွှာ များကို စိစစ်ပြီး လျှောက်လွှာများနှင့် ယခင်မဲနှိုက်ခွင့်ရရှိပြီး မဲမပေါက်သော လျှောက်ထားသူများကို မဲစနစ်ဖြင့် ရွေးချယ် ငှားရမ်း နေထိုင်ခွင့်ပြုသွားမည် ဖြစ်သည်ဟု သိရသည်။
အိမ်ခန်းငှားရမ်းနေထိုင်ခွင့်အတွက် မဲနှိုက်ခွင့်ရရှိသူစာရင်းနှင့် မဲနှိုက်ရမည့် နေ့ရက်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးများတွင် အောက်တိုဘာ (၁၁) ရက်မှ (၂၅) ရက် အထိ အသိပေးကြေညာထားမည်ဖြစ်သည်ဟုလည်း ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ဆောက်လုပ်နေသည့် သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် ဆောက်လုပ်ပြီးစီးသွားသည့် အခန်း (၆၀၀) ခန့်ကို ငှားရမ်းနေထိုင်နိုင်ရန် မဲနှိုက်ရွေးချယ်ဆောင်ရွက်နေခြင်းဖြစ်သည်။
ယင်းသို့ငှားရမ်းပေးနေသည့် အခန်းငှားခနှုန်းထားများများ (၄၆၀၀၀)ကျပ် မှ (၆၇၀၀၀)ကျပ် ထိသတ်မှတ်ထားပြီး ပထ မထပ် (၆၇၀၀၀)ကျပ်၊ ဒုတိယထပ် (၆၀၀၀၀)ကျပ်၊ တတိယထပ် (၅၅၀၀၀) ကျပ်နှင့် စတုတ္ထထပ် (၄၆၀၀၀)ကျပ် ဟူ၍ အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
