အစ္စရေးစစ်တပ်သည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း လက်ဘနွန်တောင်ပိုင်း မြေပြင်စစ်ဆင်ရေးတွင် ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ရှင်းလင်းခဲ့ပြီး ဟစ်ဇ်ဘိုလာ ကွပ်ကဲမှုစင်တာ ၆၀ နှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံ ဒါဇင်ပေါင်းများစွာကိုလည်း ချေမှုန်းခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) က ပြောကြားခဲ့သည်။
IDF ၏ အဆိုအရ လွန်ခဲ့သည့် ခုနစ်ရက်အတွင်း ဟစ်ဇ်ဘိုလာ ဒုံးကျည်ငါးဆယ်ကို ဖျက်ဆီးခဲ့ပြီး နယ်စပ်အနီးရှိ မီတာ ၁၂၀ ရှည်သော ဥမင်လိုဏ်ခေါင်းတစ်ခုကိုပါ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
အစ္စရေးသည် စက်တင်ဘာ ၂၃ ရက်ကတည်းမှစ၍ Northern Arrows စစ်ဆင်ရေးကို စတင်ကာ လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အစ္စရေး၏ ဦးတည်ချက်ပန်းတိုင်သည် နိုင်ငံ၏မြောက်ပိုင်းဒေသများတွင် ဘေးကင်းသောအခြေအနေများဖန်တီးရန်ဖြစ်ပြီး ထောင်နှင့်ချီသောဒေသခံများ ၎င်းတို့၏နေရပ်များသို့ပြန်နိုင်စေရန်ဖြစ်သည်။ ဟစ်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah သည် စက်တင်ဘာ ၂၇ ရက်က ဘေရွတ်မြို့ကို အစ္စရေး၏ တိုက်ခိုက်မှုတွင် သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁ ရက် အစောပိုင်းတွင် လက်ဘနွန်နယ်စပ်ရှိ မြေပြင်စစ်ဆင်ရေးကို အစ္စရေးက ကြေညာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
