ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ဘီလူးချောင်း အမှတ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (လောပိတ) ရေဝင်ရောက်မှုမှ ကာကွယ်ရန် ဘီလူးချောင်းအမှတ်(၁)စက်ရုံနှင့် အမှတ်(၂)စက်ရုံအကြားတွင် ရေတားတမံ အသစ်တည်ဆောက်နေမှု (၉၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ဘီလူးချောင်းရေမြင့်တက်ခဲ့မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ရေစီးကြောင်းများမှ တဆင့် ဘီလူးချောင်းအမှတ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း စက်တင်ဘာ (၃၀)ရက်မှ စတင်၍ ရေများဝင်ရောက်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရေထပ်မံမဝင်ရောက်စေရေး လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘီလူးချောင်း အမှတ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစ က်ရုံ(လောပိတ)ရေဝင်ရောက်မှုမှ ကာကွယ်ရန် ဘီလူးချော င်း အမှတ်(၁)နှင့် အမှတ်(၂) ရေအားလျှပ်စစ် စက်ရုံအကြား ပြည်နယ်အစိုးရအဖွဲမှ စီမံပေးထားသည့် Backhoe ယာဉ်များ၊ မြေသယ်ယာဉ်များဖြင့် ရေတားတမံအသစ်တည်ဆော က်နေခြင်း ဖြစ်သည်။
အဆိုပါ ရေတားတမံအသစ်တည်ဆောက်မှု လုပ်ငန်းခွင်သို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အမြန်ပြီးစီးရေး ဆက်လက်ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား အားပေးမှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် အမှတ်(၂)စက်ရုံအတွင်း ရေစုပ်စက်(၆)လုံးဖြင့် ရေများကျဆင်းစေရေးဆောင်ရွက်နေမှုကို ကြည့်ရှုခဲ့ပြီး စက်ရုံနှင့် စက်ရုံဝန်းအတွင်း ရေကျဆင်းခဲ့သည့် နေရာများ၌ သဲနှုန်းများဖယ်ရှားရှင်းလင်းရေး၊ စက်ရုံဝန်းအတွင်း ရေထပ်မံဝင် ရောက်မှု မရှိစေရေး သဲအိတ်ကာရံခြင်း၊ စက်ရုံ Switch Yard အတွင်း ရေကျဆင်းလျက်ရှိသည့် အခြေအနေအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဆောင်ရွက်ရန် တာ ဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစ က်ရုံအတွင်း စက်တင်ဘာ (၃၀) ရက်က ရေစတင်ဝင်ရောက်ခဲ့ပြီး ယနေ့ ရေဝင်ရောက်မှု အခြေအနေမှာ ယခင်ကထက် (၁) ပေခွဲခန့် ကျဆင်းလျက်ရှိပြီး ရေများအမြန်ဆုံးကျဆင်းရေးနှင့် စက်ရုံအမြန်ပြန်လည် လည်ပတ်နိုင်ရေးကို တာဝန်ရှိသူများက အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
