ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအနေဖြင့် ယနေ့ အောက်တိုဘာ (၁၄)ရက်မှစတင်၍ နိုင်ငံကူးလက်မှတ် ပြန်လည်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ (၂၁) ရက်မှစတင်၍ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်ခဲ့သည့်အတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး လုပ်ငန်းစဉ်များလည်ပတ်နိုင်ခြင်းမရှိတော့ဘဲ ရပ်နားထားခဲ့ရာမှ ယနေ့တွင် ပြန်လည်လက်ခံဆောင်ရွက်ပေးခြင်းဖြစ်သည်။
နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် ရုံးပိတ်ထားစဉ်ကာလအတွင်း ရန်ကုန်နှင့် မန္တလေးရုံးခွဲတို့တွင်လျှောက်ထားခွင့်ပြုခဲ့ပြီး ယနေ့မှစတင်ကာ မြစ်ကြီးနားရုံးတွင် ပြန်လည်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ အသိပေးထုတ်ပြန်ထားသည်။
နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို လူကိုယ်တိုင်တန်းစီရသောစနစ်မှ အွန်လိုင်းရက်ချိန်းစနစ် အသစ်သို့ ပြီးခဲ့သည့် မေလ (၁) ရက်မှ စတင်ပြောင်းလဲခဲ့ပြီး www.passport.go v.mm ဝက်ဆိုဒ်တွင်ဝင်ရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။
အွန်လိုင်းမှ ရက်ချိန်းရယူရာတွင် အိမ်ထောင်စုနှင့် မှတ်ပုံတင်မူရင်းအပြင် UID (Unique Identification Number) လိုအပ်မည်ဖြစ်ပြီး UID မရှိပါက နိုင်ငံကူးလက်မှတ် လျှော က်ထားနိုင်မည်မဟုတ်ဘဲ စက်တင်ဘာ(၁)ရက်မှစတင်ကာ စာအုပ်ဖိုးကို ကျပ်(၅၀၀၀)တိုးမြင့်ကောက်ခံနေပြီဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
