မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၆၂လမ်း၊ ၁၂၄လမ်းနဲ့ ၁၂၅လမ်းကြားတွင် ယာဉ်ထိန်းရဲမေတစ်ဦး အောက်တိုဘာလ ၁၃ ရက် ညနေပိုင်းက ပစ်ခတ်ခံရကြောင်း သိရှိရသည် ။
ဖြစ်စဉ်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၆၂လမ်း၊ ၁၂၄လမ်းနှင့် ၁၂၅လမ်းကြားတွင် ရဲအုပ်သိင်္ဂီဝင်း ဦးစီး(၃+၈)ဦးဆောင်၍ ယာဉ်စစ်လုပ်ငန်းဆောင်ရွက်နေစဉ် အမည်မသိအမျိုးသား(၂)ဦး (CZIဆိုင်ကယ်၊ အရောင်မမှတ်မိ၊ နံပါတ် စိစစ်ဆဲ)ဆိုင်ကယ်ဖြင့် မြောက်မှတောင်သို့ မောင်းနှင်လာစဉ် ဒုရဲအုပ် ဖူပွင့်ဇော် အားသေနတ်အတို(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ ဒုရဲအုပ်ဖူးပွင့်ဇော်၏ နောက်ညာဘက်လက်ပြင်မှ ဖောက်ဝင်၍ ရှေ့ရင်ဘက်သို့ဖောက်ထွက်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိပြီး မဆရ(၁)သို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည် ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ် ပြန်ထားကြောင်း တွေ့ရှိရသည် ။
မန္တလေးမြို့ပေါ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်မှုများကို လမ်းဆုံလမ်းခွများ နှင့် မီးပွိုင့်များတွင် ရှောင်တခင်စစ်ဆေးဆောင်ရွက်ခြင်း ၊ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
