တနိုင်းမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး နှစ်ရက်ဆက်တိုက် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်မှုများအရ သိရသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၄ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၂ မိနစ်ခန့်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၅၅ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တနိုင်းမြို့၏ အရှေ့တောင်ဘက် ၁၉ မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် ၂၆ ဒသမ ၁၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၈၈ ဒီဂရီ၊ အနက် ၁၁ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်ဟု ထုတ်ပြန်သည်။
အလားတူ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၂၂ မိနစ်ခန့်တွင် တောင်ငူမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် ၁၃ မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရေတာရှည်မြို့၏ အရှေ့မြောက် ရှစ်မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၉ ဒသမ ၁၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၄၇ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်ဟု မိုးဇလက ထုတ်ပြန်သည်။
ယင်းအပြင် အောက်တိုဘာ ၁၁ ရက်ေ မြန်မာစံတော်ချိန် ၁၁ နာရီ၊ ၁၀ မိနစ်၊ ၅၆ စက္ကန့်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၃၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သပိတ်ကျင်းမြို့၏ အနောက်တောင်ဘက် ငါးမိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၈၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၉၁ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်ဟု မိုးဇလက ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
