မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲများကို အစဉ်အလာမပျက်ကျင်းပနိုင်ခြင်းသည် မြန်မာလူမျိုးတို့၏ ဇာတိသွေး၊ ဇာတိမာန်နှင့်အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ပေးသည့် ကြိုးပမ်းမှုဖြစ်ကာ တစ်နည်းအားဖြင့် အမျိုးသားရေးစိတ်ဓာတ်ကို ပိုမိုတက်ကြွအောင်လှုံ့ဆော်ပေးသည့် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယနေ့ အောက်တိုဘာ ၁၄ ရက်နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပသည့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများကျင်းပရခြင်းနှင့်ပတ်သက်၍ ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် မျိုးနွယ်စုကြီးများ အတူတကွပေါင်းစည်းထား ဘုံသဘောဆောင်သည့် အမျိုးသားရေးစရိုက်လက္ခဏာကိုလက်ခံကျင့်သုံးသည့် ပြည်ထောင်စုအဖြစ် စည်းလုံးညီညွတ်စွာနေထိုင်လျက်ရှိသည်ဟု ဆိုသည်။
ထို့ကြောင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများသည် ယဥ်ကျေးမှုဖလှယ်ခြင်းဖြစ်၍ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးပွားစေရုံသာမက တိုင်းရင်းသားရိုးရာအနုပညာရပ်များ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက်လည်း များစွာအထောက်အကူပြုနိုင်မည်ဟု ပြောသည်။
“မြန်မာအနုပညာရှင်တွေအနေနဲ့ ကိုလိုနီနယ်ချဲ့တွေရဲ့ ဖိနှိပ်မှုတွေကိုကြံ့ကြံ့ခံတွန်းလှန်ပြီး အမျိုးသားရေးစိတ်ဓာတ်အပြည့်နဲ့ ကြိုးပမ်းထိန်းသိမ်းလာခဲ့ကြတဲ့အတွက် ဒီနေ့အထိ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်တွေဟာ မြန်မာ့ရိုးရာသွင်ပြင်ဟန်ပန်အတိုင်း ရှေးမူမပျက်ဆက်လက်ဖြစ်ထွန်းနေတာကို ဂုဏ်ယူဝင့်ကြွားဖွယ်တွေ့မြင်ကြရမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ကြောင့် အနုပညာရှင်များအားလုံးမှ မြန်မာလူမျိုးတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှု၊ အနုပညာနှင့် အမျိုးသားရေး စရိုက်လက္ခဏာများ ဆက် လက်ရှင်သန်ဖြစ်ထွန်းနေစေရေးအတွက် အနုပ ညာစွမ်းပကားနှင့် စွမ်းဆောင်ပေးကြရန်တိုက်တွန်းပြောကြားခဲ့သည်။
ထို့အတူ မြန်မာလူမျိုးတို့၏ သမိုင်းကြောင်း ခိုင်မာနက်ရှိုင်းမှုနှင့် ယဉ်ကျေးမှုအဆင့်တန်းဝင့်ထည်မြင့်မားမှုတို့ကို ကမ္ဘာတည်သရွေ့တည်တံ့ခိုင်မြဲနေအောင် အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးကြရန်၊ မျိုးဆက်သစ်လူငယ်များကို အမျိုးသားရေး စိတ်ဓာတ်ကိုယ်ခံအားပြည့်ဝခိုင်မာအောင် အနုပညာစွမ်းပကားဖြင့်စွမ်းဆောင်ပေးကြရန်လည်း နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။








-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
