ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်မှကြီးမှူး၍ အား ကစားနှင့်ကာယပညာကော်မတီနှင့်ပူးပေါင်းကာ လူငယ်မျိုးဆက်သစ်ကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၍ အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အသက်(၂၀)နှစ်အောက် အမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲအား ၂၀၀၄ ခုနှစ်နှင့်အထက် အသက်(၂၀) နှစ်အောက် ကစားသမားများကိုသာပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ပြီး အသက်မှန်ကန်စေရန် သက်ဆိုင်ရာဌာနနှင့်ပူးပေါင်းစစ်ဆေး၍ အသက်ကျော်ကစားသမားတွေ့ရှိပါက ပြိုင်ပွဲမှထုတ်ပယ်မည်ဖြစ်ပြီး ယင်း ကစားသမားနေရာအား အစားထိုးယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနေရှင်နယ်လိဂ်၊ မြန်မာနေရှင်နယ်လိဂ်(၂)၊ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲတို့တွင်ဝင်ရောက်ယှဥ်ပြိုင်နေသည့် ကစားသမားများကို ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်ဘဲ အသင်းတစ်သင်းတွင် ကစားသမား(၂၄)ဦးအထိ မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ကာ အုပ်ချုပ်၊ နည်းပြ၊ အသင်းဆရာဝန်(စုစုပေါင်း ၆ ဦး)အထိခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲအား အသင်းပေါင်း(၁၀)သင်းဖြင့် ရှုံးထွက်စနစ်ကျင်းပသွားမည်ဖြစ်၍ အသင်းတစ်သင်းအင်္ဂါရပ်နှင့်ကိုက်ညီသော ဘောလုံးအသင်းများကိုသာဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အသင်းများကို ဦးစားပေးယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရသည့် အသင်းများအား ၎င်းတို့ယှဥ်ပြိုင်ရမည့်ရက်တွင် ခရီးဝေးအသင်းဖြစ်ပါက ငွေကျပ်(၃)သိန်းနှင့် ရန်ကုန်တိုင်းအတွင်းမှအသင်းများဖြစ်ပါက ငွေကျပ်(၁)သိန်း ထောက်ပံ့ပေးသွားမည်ဖြစ်၍ ပြိုင်ပွဲဝင်ဖောင်များအား အောက်တိုဘာ ၂၃ ရက်နောက်ဆုံးထားပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲအား အောက်တိုဘာ ၂၈ ရက်မှနိုဝင်ဘာ ၉ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၊ ပဒေသာကွင်း၊ သုဝဏ္ဏလေ့ကျင့်ရေးကွင်း(၁)နှင့် ပဒုမ္မာကွင်းတို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
