
၂၀၁၉ ခုနှစ်အတွင်း စပါးဝယ်ယူခြင်း၊ ဆန်စပါးပြန်လည်ပေးသွင်းခြင်း သဘောတူစာချုပ်ဖြင့် တင်ဒါအောင်မြင်သူများ စာချုပ်ပါအချက်များအတိုင်း လိုက်နာမှသာ လာမည့်မိုးစပါးအခြေခံစျေးနှုန်း သတ်မှတ်နိုင်မည်ဖြစ်ပြီး စာချုပ်ဖောက်ဖျက်သူများအား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
ဇွန် ၈ ရက်က ပြုလုပ်သည့် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆန်စပါးဝယ်ယူပေးနိုင်သော ကုန်သည်များကို တင်ဒါစနစ်ဖြင့် ၂၀၁၉ ခုနှစ်ထွက် စပါးဝယ်ယူခြင်း ဆန်စပါးပြန်လည်ပေးသွင်းခြင်း ဆိုင်ရာသဘောတူညီချက်များကို ချုပ်ဆိုပြီး တင်ဒါအောင်မြင်သူများအနေဖြင့် သဘောတူစာချုပ်ပါ အချက်များကို လိုက်နာစေလိုကြောင်း ဒုတိယဝန်ကြီး ဦအောင်ထူးက ပြောကြားသည်။
ယခုနှစ်ဆောင်ရွက်သောလုပ်ငန်းစဉ် အောင်မြင်မှုရရှိမှသာ လာမည်နှစ်အတွင်း မိုးစပါးအခြေခံစျေးနှုန်းသတ်မှတ်၍ တောင်သူများထံဝယ်ယူပေးနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
စာချုပ်ဖောက်ဖျက်မိပါက ဥပဒေအရ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခက်အခဲများရှိလျှင်လည်း တင်ပြပေးရန်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
အခြေခံစပါးစျေးနှုန်းသတ်မှတ်ရန် မကြာခဏအစည်းအဝေးခေါ်ယူပြီး စီးပွားရေးကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ယင်းအစည်းအဝေးတွင် အခြေခံစျေးနှုန်းဖြင့် စမ်းသပ်ဝယ်ယူခဲ့မှုအပေါ် ပြန်လည်သုံးသပ်ပြီး အခြေခံစျေးနှုန်းဖြင့် စဉ်ဆက်မပြတ် ဆက်လက်ဝယ်ယူနိုင်ရေး ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် မိုးစပါးနှင့် ၂၀၂၀ ခုနှစ် နွေစပါးကို အခြေခံရည်ညွှန်းစျေးနှုန်းဖြင့် တင်းတစ်ရာလျှင် ကျပ်ငါးသိန်းအဖြစ် သတ်မှတ်ဝယ်ယူရမည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
အခြေခံစပါးစျေးနှုန်း သတ်မှတ်ရာတွင် စပါးအစိုဓာတ် ၁၄ ရာခိုင်နှုန်းနှင့် အဖျင်းအမှော်၊ ဖုန်၊ ခဲ၊ သဲ ကင်းစင်သည့် တစ်တင်း ၄၆ ပေါင်ရှိသော စပါးတင်းတစ်ရာကို ဆိုလိုသည်။
စျေးကွက်အတွင်း အခြေခံစျေးနှုန်း ကျပ်ငါးသိန်းအထက်ရှိနေပါက စျေးကွက်ပေါက်စျေးနှုန်းအတိုင်း ဝယ်ယူရန်နှင့် စျေးကွက်ပေါက်စျေးနှုန်းသည် အခြေခံစျေးနှုန်း ကျပ်ငါးသိန်းအောက်ကျဆင်းခဲ့ပါက အခြေခံစျေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်သည်။
သတ်မှတ်ထားသော အခြေခံစပါးစျေး နှုန်းအောက်ကျဆင်းပါက နိုင်ငံတော်မှ ဝယ်ယူနိုင်ရန် ရန်ပုံငွေအဖြင့် ကျပ် ၁၅ ဘီလျံ လျာထားခဲ့သည်။
တောင်သူလယ်သမားအကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ အဆိုပါစပါးဝယ်ယူ ဆောင်ရွက်ခြင်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများမှ စီမံဆောင်ရွက်မည်ဖြစ်ပြီး စပါးဝယ်ယူပေးရန်လိုအပ်သော ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံတော်သို့ တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွက် ကျပ်ရှစ်ဘီလျံနှင့် ဧရာဝတီတိုင်းဒေသကြီးအတွက် ကျပ်ငါးဘီလျံလျာထားပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဝယ်ယူရန် အနည်းအငယ်သာ လိုအပ်ခဲ့ကြောင်း နိုဝင်ဘာ ၁ ရက်က ရန်ကုန်မြို့ရှိ Sule Shangri-Is Hotel ၌ ပြုလုပ်သည့် “Doing Business 2020 and Way Forward” အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်