Top News

လှိုင်မြစ်ဖြတ်ကျော် ၂၃၀ ကေဗွီဓာတ်အားလိုင်း ကြိုးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်စဉ် ရေလမ်းကြောင်း ခေတ္တပိတ်မည်ဖြစ်ပြီး ရေယာဉ်များ ခွင့်ပြုချက်ရမှသာ ခုတ်မောင်းကြရမည်ဟု သိရ
24htopnews | October 15, 2024 11:12 AM CST

လှိုင်မြစ်ဖြတ်ကျော် ၂၃၀ ကေဗွီဓာတ်အားလိုင်း ကြိုးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်စဉ် ရေလမ်းကြောင်း ခေတ္တပိတ်ထားမည်ဖြစ်ပြီး ရေယာဉ်များအနေဖြင့် ခွင့်ပြုချက်ရမှသာ ခုတ်မောင်းကြရမည်ဟု  ပြန်ကြားရေးဝန်ကြီးဌာနက မတ် ၈ ရက်တွင် သတင်းထုတ်ပြန်သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက ၂၃၀ ကေဗွီဝါးတစ်ရာ (ရွွာမ-လှိုင်သာယာ) ဓာတ်အားလိုင်း တည်ဆောက်လျက်ရှိရာ လှိုင်မြစ်ဖြတ်ကျော်ကြိုးဆွဲခြင်းလုပ်ငန်းကို ရွှေပြည်သာမြို့နယ် (၀ါးတစ်ရာ)နှင့် ထန်းတစ်ပင်မြို့နယ်အကြား မတ် ၁၂ ရက်မှ ၂၁ ရက်အထိ နေ့စဉ် နံနက် ၈ နာရီ မှ ညနေ ၅ နာရီအထိ လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

လှိုင်မြစ်ဖြတ်ကျော် ဓာတ်အားလိုင်းကြိုး ဆွဲခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရေလယ်တွင် တန်းစီထားသော ရေယာဉ်များပေါ်မှ ကျော်ဖြတ်၍ သွယ်တန်းမည်ဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း လုပ်ငန်းခွင်၏ အထက်နှင့်အောက်ဘက်ရှိ မြစ်အတွင်းမှ ရေယာဉ်များဖြင့် ကြီးကြပ်ကွပ်ကဲရေး အဖွဲ့စောင့်ဆိုင်းပြီး ရေလမ်းခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါရေလမ်းအတွင်းမှ ဖြတ်သန်းမည့် ရေယာဉ်များအနေဖြင့် လုပ်ငန်းခွင်မှ လွတ်ကင်းရာနေရာတွင် ရပ်နားစောင့်ဆိုင်းပြီး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ခွင့်ပြုချက်ရမှသာ ဖြတ်သန်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရေလမ်းသတိပေးချက် ထုတ်ပြန်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြမှုအရ သိရသည်။


READ NEXT
Cancel OK