ငါတို့ကရင်နီပြည်တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုံးဝမရှိပါဆိုသည့် စာတန်းပါ ဗီနိုင်းများအား ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်များတွင် ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂက လိုက်လံကပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖြုတ်ပေးရန် ညွှန်ကြားထားကြောင်း သိရသည် ။
“ထွေအုပ်က အုပ်စုအုပ်ချုပ်ရေးမှူးကို ညွှန်ကြားတယ်ပေါ့။ နင်တို့ဖြုတ်ပေးရမယ် နင့်လူကိုပြောပါဆိုတော့ အုပ်စုအုပ်ချုပ်ရေးမှူးက ကျေးရွာကလူတွေကိုလည်း လိုက်ပြီးပြောတာလေ။ မဖြုတ်ဘူးလို့ ကျွန်တော်ပြောထားတာပဲ” ဟု ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်က ဆိုသည်။
ထိုဗီနိုင်းများကို ဒီးမော့ဆိုမြို့နယ်အပြင် ဖရူဆိုမြို့နယ်တို့တွင် လိုက်လံကပ်နေကြပြီး ထိုမတိုင်မီက မြေယာဥပဒေများနှင့် ပတ်သက်၍လည်း ပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည့်အပြင် ဌာနေတိုင်းရင်းသားများအလိုက် နှိုးဆော်စာများလည်း ထုတ်ပြန်အသိပေးခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်အတွင်း ဌာနေတိုင်းရင်းသား ၇၅ ရာခိုင်နှုန်းမှာ တောင်ယာလုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်နေကြပြီး အများစုမှာ မြေယာနှင့်ပတ်သက်သည့် မှတ်ပုံတင်များ မရှိသေးကြောင်း၊ မြေလွတ်၊မြေလပ် နှင့် မြေရိုင်းမှာ ဧကတစ်သိန်းကျော်ရှိကြောင်းလည်း သိရသည်။
ကယားပြည်နယ်အစိုးရက စီမံချက်တစ်ခုအနေဖြင့် မြို့မြေများအား ဂရန်အမည် ပေါက်ရစေရန် အထူးကြပ်မတ်ဆောင်ရွက်ပေးခဲ့သော်လည်း ဌာနေတိုင်းရင်းသားများ၏ မြေယာပိုင်ဆိုင်ခွင့်အတွက်မူ ယခုအချိန်ထိ လုပ်ဆောင်ပေးခြင်းမရှိသေးကြောင်း ကရင်နီ ပြည်တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။
“ပြည်နယ်အစိုးရက သူတို့က အဓိကကတော့ မြို့ပေါ်မှာ မြို့မြေတွေကို သူတို့ဂရန်တွေဘာတွေ ပေးထားတာတွေရှိတယ်။ ကျေးရွာမှာကျတော့ အဆင်မပြေတဲ့ဟာတွေ ရှိတယ်။ စစ်တပ်တောင်ယာမျိုးဆို သုံးနှစ်တစ်ခါ အလှည့်အပြောင်း လုပ်ရတာရှိတယ်။ ခက်တာက သူတို့က ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ဘာတွေရှိလဲ၊ ဘယ်လို ကာကွယ်ပေးရမလဲ၊ သူတို့ယဉ်ကျေးမှုကို ဘယ်လို အသိအမှတ်ပြုပေးရမလဲ၊ သူတို့ရိုးရာကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ အမြင်မျိုးမရှိဘူး” ဟု ခူးတူရယ်က ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
