မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရခိုင်ကုန်းရပ်ကွက်ရှိ မင်္ဂလာတပ်ဦးဘုန်းကြီးကျောင်းတွင် ဝါယာရှော့ဖြစ်ကာ မီးလောင်မှုကြောင့် ဆရာတော်ကြီး သီတင်းသုံးတော်မူသည့် အခန်းမှာ မီးလောင်ပျက်စီးခဲ့ရကြောင်း မော်လမြိုင်မြို့နယ်မီးသတ်စခန်းနှင့် ဒေသခံတို့ထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာ (၁၄) ရက်၊ ည(၇)နာရီအချိန်ခန့်၊ အဆိုပါ ဘုန်းကြီးကျောင်းတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ နယ်မြေခံလူမှုကူညီရေးအသင်များနှင့် ဒေသခံတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
“ရခိုင်ကုန်းရပ်ကွက်က မင်္ဂလာတပ်ဦးဘုန်းကြီးကျောင်းမှာ ဝါယာရှော့ဖြစ်ပြီး မီးလောင်တာလို့ သိရတယ်။ ဆရာတော် သီတင်းသုံးတဲ့အခန်းကတော့ မီးလောင်မှုများတယ်လို့ ပြောကြတယ်။ အသိမြန်တော့ ဝိုင်းငြိှမ်းကြတာ သိပ်မကြာဘူး ငြိမ်းသွားပါတယ်။”ဟု ဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဆရာတော်ကြီး သီတင်းသုံးတော်မူသည့် အခန်းမှာ မီးလောင်ပျက်စီးမှု များခဲ့ကြောင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံလူမှုကူညီရေးအသင်များနှင့် ဒေသခံများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည (၇)နာရီ၊ (၁၄)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
Photo-Min Satt ArNar


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
