ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ဥက္ကဋ္ဌဖြစ်သူ တေဒရိုအာဒါနွန်ဂီဘရီရေဆုသည် ၎င်းနှင့်အဆက်အသွယ်တစ်ဦး၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုခံထားရကြောင်း စစ်ဆေးသိရှိပြီးနောက် သီးခြားခွဲခြားနေထိုင်နေကြောင်း နိုဝင်ဘာ ၂ က ပြောကြားခဲ့သည်။
“ကျွန်တော်နဲ့ဆက်သွယ်မှုရှိတဲ့ တစ်ယောက်က COVID-19 ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိထားပါတယ်။ ကျွန်တော်က ကျန်းမာပါတယ်။ ရောဂါလက္ခဏာ မရှိပါဘူး။ WHO ရဲ့ စည်းကမ်းတွေနဲ့အညီ လာမယ့်ရက်တွေမှာ သီးခြားခွဲခြားနေထိုင်ပါမယ်။ အိမ်ကနေ အလုပ်လုပ်ပါမယ်” ဟု တေဒရိုက Twitter တွင် ရေးသားခဲ့သည်။
WHO ၏ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးတိုက်ပွဲတွင် တေဒရိုသည် ရှေ့တန်းမှ ပါဝင်ဆင်နွှဲနေသူဖြစ်သည်။ ယမန်နှစ်က တရုတ်တွင် စတင်ပေါ်ထွက်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းတွင် လူ ၄၆ သန်းကျော်ကို ကူးစက်စေခဲ့ပြီး လူ ၁.၂ သန်းနီးပါးကို သေဆုံးစေထားသည်။
အီသီယိုးပီးယား ကျန်းမာရေးဝန်ကြီးနှင့်နိုင်ငံခြားရေးဝန်ကြီးဟောင်း တက်ဒရို ၊ ၅၅ နှစ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးရေးတွင် လူတိုင်း၌ တာဝန်ရှိကြောင်း အခိုင်အမာပြောကြားနေသည်မှာ လနှင့်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
လက်ဆေးခြင်း၊ ပါးစပ်၊ နှာခေါင်းစည်း ဝတ်ဆင်ခြင်း၊ လူအချင်းချင်း ခွာခွာနေခြင်းတို့ကို ဂရုပြုကြရန် WHO က လူတစ်ဦးချင်းစီအတွက် တိုက်တွန်းထားသည်။ အာဏာပိုင်များကလည်း ကူးစက်မှုများကို ရှာဖွေ၊ ဖော်ထုတ်၊ စစ်ဆေးရန်၊ အဆက်အသွယ်များကို ခြေရာခံရန်နှင့်သီးခြားစီခွဲခြားထားမှုကို ဆောင်ရွက်ရန် တိုက်တွန်းထားသည်။
ဥရောပနိုင်ငံအများအပြားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာနေခြင်းကို ရပ်တန့်ရန် ပိတ်ဆို့ထိန်းချုပ်မှုများ၊ ကန့်သတ်မှုများ ဆောင်ရွက်နေကြသောကြောင့် မကျေမနပ်ဖြစ်မှုများ ကြီးထွားလာနေချိန်တွင် တေဒရို၏မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာနေခြင်းကို ဟန့်တားရန် ဥရောပအစိုးရများက အပြင်းအထန် ကြိုးပမ်းနေကြသည်။ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားပြီးနောက်ပိုင်း ဥရောပတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၀ သန်းကျော်ရှိထားပြီး သေဆုံးသူ ၂၇၉၀၀၀ ကျော် ရှိထားသည်။
WHO က အခြေစိုက်တည်ရှိသော ဂျီနီဗာတွင် နိုဝင်ဘာ ၁ က အရေးပေါ်အခြေအနေ ပြန်လည်ကြေညာခဲ့ပြီး ဆွစ်ဇာလန်တစ်နိုင်ငံလုံးရှိ ဘားများ၊ စားသောက်ဆိုင်များ၊ မရှိမဖြစ် မဟုတ်သော ဆိုင်အားလုံးကို ပိတ်ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လူ ၅၀၀၀၀၀ ခန့် နေထိုင်သည့် ဂျီနီဗာတွင် မကြာသေးခင် ရက်များအတွင်း နေ့စဉ် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိနေပြီး ဂျီနီဗာဆေးရုံများနှင့် အရေးပေါ်ကုသနေရာများတွင် ဗိုင်းရပ်စ်လူနာများ မြင့်တက်လာနေသောကြောင့် ပိတ်ဆို့ထိန်းချုပ်များ ချမှတ်ဆောင်ရွက်ရန် လိုအပ်သည်ဟု ဂျီနီဗာအာဏာပိုင်များက ပြောကြားခဲ့သည်။
အမေရိကန်တွင်လည်း ဗိုင်းရပ်စ်ကူးစက်မှုသည် တစ်စတစ်စ ဆိုးရွားလာနေပြီး သေဆုံးသူ ၂၃၀၀၀၀ ကျော်အထိ ရှိနေသည်။ ကူးစက်ရောဂါဆိုင်ရာ အမေရိကန် အစိုးရထိပ်တန်းပညာရှင် ဒေါက်တာအန်တို နီဖော်ချီက လာမည့်ဆောင်းရာသီတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပျံ့နှံ့ဖြစ်ပွားနိုင်ကြောင်း သတိပေးခဲ့ရာ အိမ်ဖြူတော်က စိတ်ဆိုးဒေါသထွက်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
