ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် မတ်လကတည်းက ပိတ်ထားခဲ့ရသော ကျောင်းများကို ကမ္ဘောဒီးယား နိုင်ငံတစ်ဝန်းတွင် နိုဝင်ဘာ ၂ က ပြန်လည် ဖွင့်လှစ်ခဲ့သည်။ သို့သော်လည်း ဗိုင်းရပ်စ်ကို ကြိုတင် ကာကွယ်မှုအဖြစ် စာသင်ခန်းတွင်း ကျောင်းသားဦးရေနှင့် စာသင်ချိန်ကိုမူ ကန့်သတ်ထားခဲ့သည်။
ကျောင်းတက်နေစဉ် ကျောင်းသားတစ်ဦးဦး ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါက ဒုတိယအကြိမ် ကျောင်းပိတ်မှုကို စဉ်းစားသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဟန်ချူ အွန်နာရွန်က ပြောကြားခဲ့သည်။
ကျောင်းသားများနှင့်ဆရာများသည် သတိကို နိုးနိုးကြားကြားထား၍ ပညာ သင်ကြားကြရမည် ဖြစ်ကြောင်း၊ ဥရောပနှင့် အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေဆဲဖြစ်ပြီး ကာကွယ်ဆေး လည်း မရရှိသေးသောကြောင့် ဘေးကင်းလုံ ခြုံရေးဆိုင်ရာ စည်းမျဉ်းများကို လိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြို့တော် ဖနွမ်းပင်ရှိ ကျောင်းအချို့နှင့် ကမ္ဘောဒီးယားအရှေ့ပိုင်းရှိ ကျောင်းအချို့ကို ယမန်လက စမ်းသပ်ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းစမ်းသပ်မှုက ရလဒ်များ ကောင်းမွန်ခဲ့သောကြောင့် နိုင်ငံတစ်ဝန်းတွင် ကျောင်း များ ပြန်လည် ဖွင့်လှစ်ရန် သဘောတူခွင့်ပြု ချက်ရခဲ့ကြောင်း ပညာရေးဝန်ကြီးက ပြောကြားခဲ့သည်။
“အစိုးရက ကိုရိုနာဗိုင်းရပ်စ်အခြေအ နေကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့တာ ကြောင့် ကမ္ဘောဒီးယားမှာ ကူးစက်မှု အရေ အတွက် မြင့်တက်လာတာ မရှိတော့ပါဘူး။ အထူးသဖြင့် နယ်ခြားဖြတ်သန်းမှု ထိန်းချုပ် တာက အရမ်းထိရောက်ခဲ့ပါတယ်” ဟု ဖနွမ်းပင်ရှိ ကျောင်းတစ်ကျောင်းတွင် ပညာရေးဝန်ကြီး ဟန်ချူ အွန်နာရွန်က ပြောကြား ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းများ အတိုင်း ကျောင်းကား လည်ပတ်ခြင်း၊ စာကြည့်တိုက်၊ ကာယပညာရေး၊ အနုပညာ လှုပ်ရှားမှုစသည့် ပညာရေးလှုပ်ရှားမှုအား လုံးကို ပြန်လည် စတင်မည်ဟု ပညာရေးဝန်ကြီးဌာနက ဆိုသည်။
“ကျွန်တော်တို့မှာ ရည်မှန်းချက် နှစ်ရပ် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ကျောင်းသား တွေ၊ ဆရာတွေ၊ ပညာရေးအသိုက်အမြုံက လူတွေ ဘေးကင်းဖို့က နံပါတ် တစ်ပါ ။ နံပါတ်နှစ်အချက်က ပညာရေးကို အားလုံး ဆက်လက် ရရှိဖို့ပါ” ဟု ဟန်ချူ အွန်နာရွန် က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၂၉၂ မှုသာ တွေ့ရှိခဲ့ပြီး သေဆုံး သူ မရှိခဲ့ပေ။ နိုင်ငံခြားမှ ပြန်လာသူတစ်ဦး တွင် ကိုရိုနာဗိုင်းရပ်စ်မှု တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂ တွင် ကြေညာခဲ့သည်။
အရှေ့တောင်အာရှတွင် အင်ဒိုနီးရှား သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အဆိုး ဆုံး ကြုံရသည့် နိုင်ငံဖြစ်ခဲ့ပြီး ဗိုင်းရပ်စ် ကူး စက်ခံရသူ လူ လေးသိန်းကျော် ကူးစက်ခံ ထားရသည်။ ဖိလစ်ပိုင်က ဗိုင်းရပ်စ် ကူးစက် မှု ဒုတိယအဆိုးဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး ၃၈၀,၀၀၀ ကျော် ကူးစက်ခံထားရသည်။
အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးသူ ၁၀ç၀၀၀ ကျော် ရှိထား ပြီး အရှေ့တောင် အာရှတွင် သေဆုံးမှု အ မြင့်ဆုံးဖြစ်သည်။ အများပြည်သူဆိုင်ရာနှင့် ပုဂ္ဂလိက ကျောင်းအားလုံးကို မတ်လက တည်းက ပိတ်ထားပြီး အင်ဒိုနီးရှားအစိုးရ သည် ကျန်သည့်ပိတ်ဆို့ထိန်းချုပ်မှုများကို လည်း အောက်တိုဘာလလယ်ခန့်ကမှ လျှော့ချပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
