လွန်ခဲ့သည့်နှစ်က တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည့် အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသတွင် ဒေသ ပြင်ပမှလူများအား ဒေသတွင်းရှိ မြေနေရာများကို ဝယ်ယူခွင့်ပြုသည့်ဥပဒေတစ်ရပ် ပြဋ္ဌာန်းခဲ့သဖြင့် ဒေသခံများ ဆူပူအုံကြွမှု ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၃၁ ရက်၌ မြို့ကို ပိတ်ထားခဲ့သည်။
ဟိမဝန္တာဒေသသည်အိန္ဒိယနှင့် ပါကစ္စတန်ကြား နှစ် ၇၀ ကျော်ကြာ အငြင်းပွားဖွယ် နှစ်ပိုင်းကွဲနေပြီး ဆယ်စုနှစ်ပေါင်းများစွာ ပဋိပက္ခဖြစ်ပွားမှုများကြောင့် ယင်းဒေသ၌ လူပေါင်းသောင်းချီ သေဆုံးခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် ဝန်ကြီးချုပ်နရင်ဒရာမိုဒီ၏ ဟိန္ဒူမျိုးချစ်အစိုးရအဖွဲ့က ကက်ရှ်မီးယားဒေသကို တိုက်ရိုက်ဖက်ဒရယ်အုပ်ချုပ်ရေးအောက်တွင် ထားရှိရန် ဖွဲ့စည်းပုံကို ပြောင်းလဲပြင်ဆင်ခဲ့ပြီးနောက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး အင်တာနက်လိုင်းများကို တစ်လကြာ ဖြတ်တောက်ခဲ့သည်။
အိန္ဒိယကက်ရှ်မီးယားဒေသရှိ မြေနေရာများကို ၎င်းဒေသတွင် အမြဲနေထိုင်သူဒေသခံ ၁၂ သန်းသာ ပိုင်ဆိုင်နိုင်သည့် သဘော သက်ရောက်သော ဥပဒေများကို ဖျက်သိမ်းလိုက်ကြောင်း အစိုးရက ယခုသီတင်းပတ်အတွင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန် လိုလားသည့် နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့က ကက်ရှ်မီးယားကို ပိတ်ထားရန် ကြေညာခဲ့သည့်အတွက် အောက်တိုဘာ ၃၁ ရက်၌ စျေးဆိုင်များနှင့် စီးပွား ရေးလုပ်ငန်းများကို ပိတ်ထားခဲ့ပြီး ဒေသခံ အများစုကလည်း နေအိမ်အတွင်း၌သာ နေထိုင်နေကြသည်။
လူသူကင်းမဲ့လုနီးပါးဖြစ်နေသည့် လမ်းများ ပေါ်တွင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်အများအပြား ကင်းလှည့်ခဲ့ကြသည်။
အိန္ဒိယစစ်တပ်ကို စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ရန်အတွက် စစ်မဟာဗျူဟာမြောက်ဇုန်များ သတ်မှတ် ရန်ခွင့်ပြုထားမှုများ ပါဝင်သည့် ယင်းပြောင်းလဲချက်များကို အိန္ဒိယအစိုးရ၏ စည်းမျဉ်းများအား အများအားဖြင့်လိုက်နာလေ့ရှိ သည့် ကက်ရှ်မီးယားမှ အဖွဲ့အစည်းများ ကိုယ်တိုင်ပင် ဆန့်ကျင်ကြောင်း ထုတ်ပြန်ခဲ့ ကြသည်။
အိန္ဒိယ၏မွတ်စလင်အများစုနေထိုင်သည့် ကက်ရှ်မီးယားဒေသတွင် ဒေသခံလူဦးရေကို လျှော့ချရန် အစိုးရက ကြံရွယ်လုပ် ဆောင်နေသည်ဟု ကက်ရှ်မီးယားဒေသခံ များက စွပ်စွဲပြစ်တင်ခဲ့ကြသည်။
ကက်ရှ်မီးယားတွင် အခြေခံကာကွယ် ပေးမှုများမရှိဘဲ မြေနေရာများကိုရောင်းချ ရန်လုပ်ဆောင်နေသည်ဟု ဂျမူးနှင့်ကက်ရှ်မီးယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း အိုမာ အဗ္ဗဒူလာက ပြောကြားခဲ့သည်။
“ဥပဒေပြင်ဆင်ချက်ဟာ ဒေသတစ်ခု အတွင်း မွေးဖွားမှု၊ သေဆုံးမှု၊ ရောဂါဘယ ဖြစ်ပွားမှု စတာတွေအပေါ် လေ့လာထားတဲ့ အချက်အလက်တွေကို ပြောင်းလဲသွားစေ မှာ စိုးရိမ်ရပါတယ်။ သူတို့တွေ (အစိုးရ) က ဒီနေရာရဲ့ပင်ကိုယ်စရိုက်အသွင်အပြင်တွေ ကို ပြောင်းလဲချင်နေတာပါ” ဟု လွန်ခဲ့သည့် နှစ်က ဆန္ဒပြမှုများအတွင်း လပေါင်းများစွာ ဖမ်းဆီးခံခဲ့ရသော ရာနှင့်ချီသည့် နိုင်ငံရေး ခေါင်းဆောင်များတွင် တစ်ဦး အပါအဝင် ဖြစ်သည့် အဗ္ဗဒူလာက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
