ကမ္ဘာ့နိုင်ငံများသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အမြန်ဆုံးရရှိနိုင်ရန်အတွက် ကာကွယ်ဆေး စမ်းသပ်မှုအဆင့်များကို ဘေးချိတ်၍ ရှောင်လွှဲနိုင်ရန် စဉ်းစားသုံးသပ်နေကြသည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်လက်မြင့်တက်နေမှုနှင့်အတူ ကာကွယ်ဆေးရရှိရန် ပြိုင်ဆိုင်မှုများမှာလည်း ပြင်းထန်နေသည်။ ဗိုင်းရပ်စ်ကာကွယ်ဆေး အမြန်ဆုံးရရှိနိုင်ရန် တိုးမြင့်ဖိအားပေး လုပ်ဆောင်နေကြသည်။
ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်း ပုံမှန်လည်ပတ်နေမှုကိုရပ်တန့်စေခဲ့ပြီး ဗိုင်းရပ်စ်ကာကွယ်ဆေးကို အမြန်ဆုံးထုတ်လုပ်နိုင်ခြင်းဖြင့် ကမ္ဘာတစ်ဝန်းကြုံတွေ့နေရသည့် အခြေအနေဆိုးများမှာ ပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု ယူဆထားကြသည်။
သို့သော်အရေးကြီးသည့်အချက်မှာ ဗိုင်းရပ်စ်ကာကွယ်ဆေးသည် ဘေးကင်းကင်းနှင့် အမှန်တကယ်ထိရောက်မှု ရှိရန် လိုအပ်ပေသည်။
လက်ရှိတွင် စမ်းသပ်ဆဲဗိုင်းရပ်စ်ကာကွယ်ဆေးအများအပြား ထွက်ရှိလာပြီး ယင်းကာကွယ်ဆေးများကို တိကျလုံလောက်သည့်စမ်းသပ်မှုများ လုပ်ဆောင်ပြီးမှ အသုံးပြုရန် လိုအပ်ပေသည်။
ကာကွယ်ဆေးစမ်းသပ်မှုတွင် ကနဦးအကြိုစမ်းသပ်မှုပြုလုပ်ပြီး နောက်စမ်းသပ်မှုအဆင့် သုံးဆင့် ပြုလုပ်ရသည်။ စမ်းသပ်မှု ပထမအဆင့်နှင့် ဒုတိယအဆင့်တွင် ကိုယ်ခံအားတုံ့ပြန်မှုတစ်ခုကို ထုတ်လုပ်နိုင်စွမ်းနှင့်ဘေးကင်းစွာအသုံးပြုနိုင်မှု ရှိ၊ မရှိစစ်ဆေးပြီး တတိယအဆင့်၌ လူအများအပြားတွင် ဘေးကင်း ထိရောက်စွာအသုံးပြုနိုင်မှု ရှိ၊မရှိ စမ်းသပ်သည်။
တတိယအဆင့်တွင် ကာကွယ်ဆေးထိရောက်ခြင်းနှင့် ကာကွယ်ဆေးမထိရောက်ခြင်းကို ထိန်းချုပ်အဖွဲ့ ရှိသည်။ ကာကွယ်ဆေးထိ ရောက်သည့်အဖွဲ့သည် ကာကွယ်ဆေး မထိရောက်သည့်အဖွဲ့နှင့်နှိုင်းယှဉ်လျှင် ကူးစက်မှုနှုန်းပိုမို လျော့နည်းသည်။ ပုံမှန်အားဖြင့် ကာကွယ်ဆေးတစ်ခုကို အပြီးသတ်ထုတ်လုပ်ရာတွင် အချိန်ကာလအားဖြင့် သုံးနှစ်မှ ငါးနှစ်အထိကြာမြင့်သည်။
သို့ရာတွင် COVID-19 ကာကွယ်ဆေး စမ်းသပ်မှုများ၌ ပထမအဆင့်နှင့် ဒုတိယအဆင့်စမ်းသပ်မှုများသည် လပိုင်းမျှသာကြာမြင့်ပြီး ကာကွယ်ဆေး စမ်းသပ်မှု တတိယအဆင့်ကို အလျင်အမြန် ရောက်ရှိနေကြသည်။
ထို့ကြောင့် တတိယအဆင့် စမ်းသပ်မှုမှာလည်း အလျင်အမြန် ပြီးစီးသွားဖွယ်ရှိနေသည်ကို ရှုမြင်နိုင်သည်။ သို့ရာတွင် တတိယအဆင့် စမ်းသပ်မှုကာလသည်အလွန်အရေးကြီးပြီး အလျင်အမြန် မလုပ်ဆောင်သင့်ပေ။ ဒုတိယအဆင့် စမ်းသပ်မှုအပြီးတွင် ကာကွယ်ဆေးသည် ကိုယ်ခံအားတုံ့ပြန်မှုကို ထုတ်လုပ်နိုင်ခြင်း ရှိ၊မရှိသိရှိနိုင်မည် ဖြစ်သော်လည်း ကိုယ်ခံအားတုံ့ပြန်မှု ထုတ်လုပ်နိုင်ခြင်းမှာ ကာကွယ်ဆေးသည် ရောဂါကူးစက်မှုမှ ကာကွယ်နိုင်သည့်သဘော မသက်ရောက်ပေ။
ဥပမာအားဖြင့် ရုရှားနှင့် တရုတ်သည် ဗိုင်းရပ်စ်ကာကွယ်ဆေး တတိယအဆင့် မစမ်းသပ်မီကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီဖြစ်သည်။
တရုတ်သည် ကာကွယ်ဆေး ပထမအဆင့်စမ်းသပ်မှုရလဒ်ကို ထုတ်ပြန်ခဲ့ပြီး ရုရှားသည် ကာကွယ်ဆေး ပထမအဆင့်နှင့် ဒုတိယအဆင့် ရလဒ်များကို ထုတ်ပြန်ခဲ့သော်လည်း ယင်းနှစ်နိုင်ငံလုံးသည် ဖိလစ်ပိုင်နှင့် ဘရာဇီးတွင် ကာကွယ်ဆေး တတိယအဆင့်စမ်းသပ်မှုများ လုပ်ဆောင်နိုင်ခြေရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ကာကွယ်ဆေး တတိယအဆင့် မစမ်းသပ်မီ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေခြင်းသည် အဓိကပြဿနာ နှစ်ရပ်ကို ကြုံတွေ့နိုင်သည်။ ပထမပြဿနာတွင် ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်မှုအပိုင်းဖြစ်၍ စမ်းသပ်ဆဲကာလတွင် အနီးကပ် စောင့်ကြည့်မှုများလုပ်ဆောင်နေသော်လည်း စမ်းသပ်မှုပြီးစီးချိန်၌ တာဝန်ခံမှု မရှိခြင်းဖြစ်သည်။
ဒုတိယပြဿနာသည် ဗိုင်းရပ်စ်ကာကွယ်ဆေးစမ်းသပ်မှု၌ ထိရောက်မှု ရှိ၊ မရှိဟူသည့်အချက် ဖြစ်သည်။ တတိယအဆင့်စမ်းသပ်သည့် ကာကွယ်ဆေးမှာထိရောက်မှု ရှိနိုင်သည့်အခြေအနေတွင်ရှိသော်လည်း စမ်းသပ်ခံရသူသည် ဗိုင်းရပ်စ်နှင့်ထိတွေ့မှုရှိသည့်အခြေအနေ၌တွင်မူ ကာကွယ်ဆေး၏ ထိရောက်မှု ရှိ၊ မရှိဆိုသည့်အချက်ကို သိရှိနိုင်ပေမည်။
ရုရှား၏ ထုတ်စမ်းသပ်ဆဲကာကွယ်ဆေးကို ဗီယက်နမ်တွင် တတိယအဆင့် စမ်းသပ်ရန် ပြင်ဆင်နေသော်လည်း ဗီယက်နမ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူနည်းပါးသည့်အတွက် ကာကွယ်ဆေး ထိရောက်မှုရှိ၊ မရှိ မသိရှိနိုင်ပေ။
ကာကွယ်ဆေးတတိယအဆင့် စမ်းသပ်ပြီးစီးချိန်တွင်လည်း ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် စက်ရုံ အမြောက်အမြားလိုအပ်ပြီး ကာကွယ်ဆေးပထမဆုံးထိုးနှံပေးမည့်သူများကို ရွေးချယ်ဆုံးဖြတ်ရမည် ဖြစ်သည်။
လက်ရှိအချိန်တွင်နိုင်ငံတိုင်းသည် အနာဂတ်တွင် ၎င်းတို့နိုင်ငံအတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ရရှိနိုင်ရေး ငြင်းခုံဆွေးနွေးမှုများ လုပ်ဆောင်နေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
