အီရန်နိုင်ငံမှ ယီမင်သို့ သင်္ဘောဖြင့်တင်ပို့နေသည့် ဒုံးကျည်များကို သိမ်းယူခဲ့ကြောင်း နှင့် အတိတ်ကာလက အီရန်မှ ဗင်နီဇွဲလား နိုင်ငံသို့ ဦးတည်ပို့ဆောင်ခဲ့သည့် အီရန် ရေနံစည် ၁.၁ သန်းကိုလည်း သိမ်းယူထားကာ ယင်းရေနံစည်များကို ရောင်းချခဲ့ ကြောင်း အမေရိကန်က အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အီရန်နိုင်ငံမှ ထုတ်သော ရေနံဓာတုပစ္စည်းများ ရောင်း၊ဝယ်မှုများနှင့်ပတ်သက်နေသည့် မတူညီသော လုပ်ငန်းအဖွဲ့အစည်း ၁၁ ခုနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှု တစ်ပြိုင်တည်းလုပ် ဆောင်မည့် ကြေညာချက်ကို အမေရိကန် ဘဏ္ဍာရေးဌာနနှင့် နိုင်ငံခြားရေးဌာနတို့က ပူးတွဲထုတ်ပြန်ခဲ့ကြသည်။ ထိုသို့ထုတ်ပြန်ပြီး တစ်ချိန်တည်းမှာပင် ပြစ်ဒဏ်အဖြစ် အီရန် ပိုင်ဆိုင်သော ပစ္စည်းများအား သိမ်းယူခဲ့ကြောင်း ကြေညာချက်ကို အမေရိကန်တရားရေးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယင်းလုပ်ဆောင်မှုသည် သမ္မတရွေး ကောက်ပွဲကျင်းပရန် သီတင်းပတ် တစ်ပတ် ပင်မလိုတော့သည့်အချိန်အတွင်း အမေရိကန်အစိုးရအဖွဲ့က အီရန်အပေါ် ဖိအားတိုး မြှင့်လိုက်ခြင်းဖြစ်သည်။
အီရန်ဟက်ကာများသည် ၎င်းတို့အား ထရန့်လိုလားသော Proud Boys အဖွဲ့ထဲမှ အဖွဲ့ဝင်များဟု ထင်မြင်သွားစေရန် ပြုလုပ်ထားသည့် အပြောင်အပြက်ဆန်သော အီးမေးလ်များကို အမေရိကန်မဲဆန္ဒရှင်ပြည်သူ အချို့ထံ ပေးပို့ခြင်းဖြင့် ခြိမ်းခြောက်ရန်ကြိုး ပမ်းခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေး တာဝန်ရှိသူများက ယခုလအစောပိုင်းတွင် စွပ်စွဲခဲ့ပြီးနောက် အီရန်ဒုံးကျည်များကို သိမ်း ယူခဲ့ခြင်းနှင့်သိမ်းယူထားသော အီရန်ရေနံ စည်များကို ရောင်းချခဲ့ခြင်းနှင့်သက်ဆိုင်သည့် ယခုထုတ်ပြန်ကြေညာချက် ထွက်ရှိ လာခဲ့ခြင်းဖြစ်သည်။
အမေရိကန်တရားရေးဌာနမှ ထုတ်ပြန်ခဲ့သည့် ချိပ်ပိတ်မထားသော ကြေညာချက်သည် ပါတီနိုင်ငံရေးခြေရှုပ်မှုမှ ခွဲထုတ်ထား ခြင်းဖြစ်ကြောင်း ကိုလမ်ဘီယာခရိုင် တရား ရုံးမှ အမေရိကန်ရှေ့နေ မိုက်ကယ်ရှာဝင် က ဆိုသည်။
ပြစ်ဒဏ်အဖြစ် ပိုင်ဆိုင်မှုပစ္စည်းများကို သိမ်းယူကြောင်း အမေရိကန်တရားရေးဌာန ၏ ကြေညာချက်တွင် အီရန်တော်လှန်ရေး အစောင့်တပ်၏စီးပွားရေးလုပ်ငန်းအဖွဲ့ (IRGC) သည် ယီမင်နိုင်ငံသို့ သင်္ဘောဖြင့် လက်နက် ပစ္စည်းများ လျှို့ဝှက်တင်ပို့ရန်၊ ဗင်နီဇွဲလားသို့ ရေနံများတင်ပို့ရန် လျှို့ဝှက် ကြံစည်ခဲ့သည်ဟု စွပ်စွဲထားသည်။
အီရန်နိုင်ငံက ဗင်နီဇွဲလားသို့ ဦးတည် တင်ပို့နေသော ရေနံစည်များကို ပြီးခဲ့သည့်နှစ် အစောပိုင်းတွင် အမေရိကန်က သိမ်းယူခဲ့ကြောင်း၊ ထိုသို့ သိမ်းယူထားခဲ့သည့် အီရန် ရေနံစည် ၁.၁ သန်းကို အမေရိကန်အစိုးရ အဖွဲ့က ရောင်းချခဲ့ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးဌာနခွဲမှ လက်ထောက် ရှေ့နေချုပ် ဂျွန်ဒီမားစ်က အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
သိမ်းယူထားသော အီရန်ရေနံများကို ထုတ်ယူတင်ပို့ခဲ့သည့် ကုမ္ပဏီသည် IRGC အဖွဲ့နှင့်ဆက်နွှယ်နေကြောင်း နှင့် ကုန်စည် ပို့ဆောင်ရေးကုမ္ပဏီများကလည်း ကုန်ပစ္စည်း ပိုင်ရှင်ကို ဖုံးကွယ်ရန်ကြိုးပမ်းခဲ့သည်ဟု အမေရိကန်တရားရေးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထား သည်။
အီရန်ရေနံစည်များကို တင်ဆောင်ခဲ့သော သင်္ဘောနှစ်စီးဖြစ်သည့် လိုက်ဘေးရီး ယားနိုင်ငံအလံလွှင့် Euroforce သင်္ဘောနှင့် စင်ကာပူနိုင်ငံအလံလွှင့် Maersk Progress သင်္ဘောတို့မှာ ထွက်ခွာခွင့်ရရှိရန် ကြိုးပမ်း နေ ရပြီး လွန်ခဲ့သည့်သီတင်းပတ်များအတွင်း ဦးတည်ရာ လမ်းကြောင်းကို အကြိမ်များစွာ ပြောင်းလဲခဲ့ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
