ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေသည့် ဂျာမနီနိုင်ငံတွင် ဗိုင်းရပ်ကန့်သတ်မှု စည်းမျဉ်းအသစ်များကြောင့် ကန့်ကွက်ဆန္ဒပြမှုများကြားမှ နိုဝင်ဘာ ၂ ရက်၌ ပိတ်ဆို့မှု အသစ်များချမှတ်ခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၆ သန်းရှိပြီး သေဆုံးသူ ၁.၂ သန်းကျော် မြင့်တက်ခဲ့ပြီး ဥရောပနှင့် အမေရိကတွင် ဗိုင်းရပ်စ်ကူးစက်မှု သတိပေးချက်များ ထပ်မံထုတ်ပြန်ခဲ့သည်။
ဥရောပ၏ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် ဂျာမနီတွင် နိုဝင်ဘာ ၂ ရက်မှစ၍ လကုန်အထိ ချမှတ်ထားသည့်ပိတ်ဆို့မှုအသစ်များကို နိုင်ငံသားများအနေဖြင့် လေးစားလိုက်နာပေးရန် ဝန်ကြီးချုပ်အိန်ဂျလာမာကယ်က တောင်းဆိုခဲ့သည်။
ဂျာမန်နိုင်ငံသားများကို ၎င်းတို့၏ နေအိမ်အတွင်း၌သာနေထိုင်ကြရန် ကန့်သတ်မထားသော်လည်း ဘားများ၊ ကော်ဖီဆိုင်များ၊ စားသောက်ဆိုင်များ၊ ပြဇာတ်ရုံများနှင့် ရုပ်ရှင်ရုံများကို ပိတ်ထားရန်ထုတ်ပြန်ခဲ့သည်။
မာကယ်က နှစ်သစ်ကူးပါတီကျင်းပမှုများနှင့်ပတ်သက်၍ စည်းမျဉ်းထုတ်ပြန်ထားခြင်း မရှိသော်လည်း ခရစ်စမတ်ပါတီကို မိသားစုများ အတူတကွ ဆင်နွှဲခွင့်ရရှိနိုင်ရန် မျှော်လင့်ထားကြသည်။
အသွားအလာကန့်သတ်ချက်များကြောင့် စီးပွားရေးနှင့်လူမှုရေးထိခိုက်မှုများ ကြုံတွေ့နေရသည့်အပေါ် စပိန်၊ အီတလီ၊ ချက်သမ္မတနိုင်ငံ၏ ပရက်ဂ်မြို့တော်နှင့် ဂျာမနီနိုင်ငံအရှေ့ပိုင်း ဒရက်စဒန်မြို့အပါအဝင် ဥရောပနိုင်ငံအများအပြားနှင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှုပထမလှိုင်း၌ ဥရောပတွင် အသွားအလာ ကန့်သတ်ချက် ပထမဆုံး ထုတ်ပြန်ခဲ့သည့် အီတလီတွင် ဗိုင်းရပ်စ်အဆိုးရွားဆုံး ကူးစက်ခံခဲ့ရသည့်ဒေသများကို အဓိကထား၍ တစ်နိုင်ငံလုံး နေအိမ်အတွင်း၌သာ နေထိုင်ကြရန်စည်းမျဉ်းအသစ်များကို ထုတ်ပြန်သွားမည်ဟု ဝန်ကြီးချုပ် ဂူဆပ်ကွန်တီက ခုခံပြောကြားခဲ့သည်။
အင်္ဂလန်၌ ဒုတိယအကြိမ် အသွားအလာ ကန့်သတ်ချက် ထုတ်ပြန်ခဲ့သည့်အပေါ် စီးပွားရေးထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
“ကျွန်တော်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး လုံးဝမတောင်းပန်ပါဘူး။ ဒီကန့်သတ်ချက်တွေကြောင့် နလန်ပြန်ထူနေဆဲဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်တော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဒီကန့်သတ်ချက်စည်းမျဉ်းတွေဟာ လူထောင်ပေါင်းများစွာရဲ့အသက်တွေကို ကယ်တင်နိုင်လိမ့်မယ်” ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှုဒုတိယလှိုင်းကို ပြင်းပြင်းထန်ထန် တွေ့ကြုံခံစားနေရသည့်အခြား ဥရောပနိုင်ငံများတွင် ပေါ်တူဂီသည် နိုဝင်ဘာ လေးရက်နေ့မှစတင်၍ အသွားအလာ ကန့်သတ်မှုချမှတ်သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်က ပြင်သစ်သည် ဒုတိယအကြိမ် အသွားအလာ ကန့်သတ်ချက်ထုတ်ပြန်ခဲ့ပြီးနောက် သြစတြီးယားကလည်း အလားတူ ဒုတိယအကြိမ်အသွားအလာကန့်သတ်ချက် ထုတ်ပြန်ခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိဆေးရုံများတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေးပေါ်လူနာဦးရေ မြင့်တက်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ဂရိနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် သက်စ်စာလိုနီကီမြို့တွင် လေကြောင်းခရီးစဉ်များဆိုင်းငံ့မှုအပါအဝင် သီတင်းနှစ်ပတ်ကြာ အသွားအလာ ကန့်သတ်ချက်ထုတ်ပြန်ခဲ့သည်။
တစ်နိုင်ငံလုံးဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးနေသည့် ဆလိုဗက်ကီးယားတွင် နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံကို စစ်ဆေးခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ရာခိုင်နှုန်းနီးပါးသာရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
