နီပေါနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ များပြားသောကြောင့် ဆေးရုံများ၌ ကုတင်မလုံလောက်မှုနှင့် ကြုံတွေ့နေရချိန်တွင် ပြည်ပနိုင်ငံသားများကို ဝင်ရောက်ခွင့် ပြုခဲ့သောကြောင့် တောင်တက်သမားများအနေဖြင့် ဟိမဝန္တာတောင်တက်ခရီးစဉ်ကို ခုနစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခွင့်ရရှိခဲ့သည်။
နီပေါအတွက် ပြည်ပခရီးသွားဝင်ရောက်မှုသည် အဓိကဝင်ငွေအရင်းအမြစ်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သည့်အတွက် ခရီးသွားလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသူ ရှစ်သိန်းခန့် စီးပွားရေး ထိခိုက် ခဲ့ကြသည်။
ယခုအချိန်တွင် ပြည်ပခရီးသွားဝင်ရောက်မှုကို ကန့်သတ်ချက်စည်းမျဉ်းများဖြင့် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး အထင်ကရ တောင်တက်ခရီးစဉ်များကိုလည်း အကန့်အသတ်ဖြင့် ခွင့်ပြုသွားမည်ဖြစ်သည်။ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့် ဧဝရတ်တောင် အပါအဝင် အမြင့်ဆုံးတောင် ၁၄ တောင်တွင် ရှစ်တောင်သည် နီပေါတွင်တည်ရှိသည်။
“ကျွန်တော်တို့ ခရီးသွားအားလုံးအတွက် ပြန်လည်ဖွင့်ပေးလိုက်တာမဟုတ်ဘဲ ကြိုတင်ခွင့်ပြုချက်ရယူထားတဲ့ တောင်တက်သမားများနဲ့ ခြေလျင်တောင်တက်သမားများကိုသာ နီပေါနိုင်ငံထဲကို လာရောက်ခွင့်ပြုသွားမှာဖြစ်ပါတယ်” ဟု နီပေါခရီးသွားဝန်ကြီးဌာန အထွေထွေညွှန်ကြားရေးမှူး ရူဒရာ ဆင်းတာမန်းက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ စီမံခန့်ခွဲနိုင်လောက်မဲ့ ခရီးသွားပမာဏကိုသာ ဖွင့်လှစ်ပေးလိုက်တာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုခဲ့သည်။
ခရီးသွားများအနေဖြင့် ဆိုက်ရောက် ဗီဇာအစား ကြိုတင်ခွင့်ပြုချက်၊ ၎င်းတို့၏ ခရီးစဉ်အသေးစိတ် အချက်အလက်များ၊ ဒေသတွင်းသင့်လျော်သည့် ကုမ္ပဏီငှားရမ်းမှုနှင့် ကိုရိုနာဗိုင်းရပ်စ် ကုသရန်လုံလောက်သည့် ကျန်းမာရေးအာမခံချက်များပြသနိုင်ရန် လိုအပ်သည်။
ခရီးသွားများသည် ၎င်းတို့၏နိုင်ငံများမှ မထွက်မီ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်း ရှိ၊ မရှိ စစ်ဆေးမှု ခံယူရန်လိုအပ်ပြီး ခတ္တမန္ဒူမြို့တော်သို့ ရောက်ရှိချိန်တွင် ဟိုတယ်၌ သီတင်းတစ်ပတ်ကြာ အသွားအလာ ကန့်သတ်နေထိုင်ရမည်ဖြစ်သည်။ ထို့နောက် တောင်တက်ခရီးစဉ်ကိုခွင့်မပြုမီ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံရခြင်း ရှိ၊ မရှိ ထပ်မံစစ်ဆေးမှု ခံယူရမည်ဖြစ်သည်။
မည်သည့်တောင်တက်ခရီးစဉ်တွင်မဆို ထောက်ပံ့ပေးမည့်အဖွဲ့တွင်ပါဝင်သည့် လမ်းညွှန်များ၊ အထမ်းသမားများ၊ ထမင်းချက်များနှင့် အကူများသည်လည်း ဗိုင်းရပ်စ်ကူးစက် ခံထားရခြင်းရှိ၊မရှိ စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုလုံးဝမရှိသည့် ဒေသများတွင် ပြီးခဲ့သည့်သီတင်းနှစ်ပတ်ကြာ နေထိုင်ခဲ့ကြောင်း သက်သေပြရမည်ဖြစ်သည်။
“ကပ်ရောဂါကြောင့် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာခဲ့တဲ့ ခရီးသွားကဏ္ဍကို ပြန်လည် အသက်ဝင်အောင် ကျွန်တော်တို့ကြိုးစား လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လိုပြောင်းလဲမှုနဲ့စွန့်စားမှုမျိုးကိုမှ မယူချင်ပါဘူး” ဟု တာမန်းကပြောကြားခဲ့သည်။
“ကျွန်တော်တို့ ပြည်ပနိုင်ငံသား စူးစမ်းလေ့လာရေးခရီးစဉ်အဖွဲ့ တစ်ဖွဲ့နဲ့ မကြာသေးမီက စမ်းသပ်လုပ်ဆောင်ခဲ့ပြီး နောက်အခု အချိန်မှာတော့ စွန့်စားခရီးသည်တွေကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတဲ့ စိတ်ကူးအကြံဉာဏ်ကောင်းတွေ ရရှိခဲ့တယ်” ဟု ၎င်းကဆိုခဲ့သည်။
နီပေါတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၇၆၀၀၀ ရှိပြီး သေဆုံးသူပေါင်း ၉၈၄ ဦးရှိသည်။
Ref: AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
