ဥရောပတစ်ဝန်းတွင် နိုဝင်ဘာ ၁ ရက် ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ဝသန်း ကျော်ရှိလာခဲ့ပြီးနောက် သီတင်းပတ်ငါးပတ်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် နှစ်ဆမြင့်တက်ခဲ့သည်ဟု ရိုက်တာသတင်းဌာန၏ ကိုရိုနာဗိုင်းရပ်စ်စာရင်းဇယားတွင်ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်လက လက်တင်အမေရိကနှင့် အာရှဒေသနှစ်ခုလုံးတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ သန်းကျော် ရှိခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အလွန်မြင့်မားနေသည့် အမေရိကန်နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ကိုးသန်းကျော်ရှိသည်။
ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်စတင်ကူး စက်ခံရပြီးနောက် ကိုးလနီးပါးအကြာတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ငါးသန်းရောက်ရှိခဲ့ပြီး နောက်ထပ်ဗိုင်းရပ်စ်ကူးစက်ခံရသူ ငါးသန်းကို ထပ်မံရောက်ရှိရန်အချိန် တစ်လကျော်မျှသာကြာမြင့်ခဲ့သည်။
ကမ္ဘာတစ်ဝန်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၆.၈ သန်းတွင် ဥရောပ၏ဗိုင်းရပ်ကူးစက်မှုနှုန်းသည် ၂၂ ရာခိုင်နှုန်းခန့်ရှိသည်။ ထို့ပြင် ဥရောပတွင် ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၂၆၉၀၀၀ ကျော်ရှိပြီး ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁.၂ သန်းနီးပါး၏၂၃ ရာခိုင်နှုန်းခန့်ရှိသည်။
ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်တက်နေခြင်းနှင့်အတူ ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့တွင် မတ်နှင့်ဧပြီလ၌ ထုတ်ပြန်ခဲ့သည့် ကန့်သတ်ချက်များနီးပါးကဲ့သို့ တင်းကျပ်သည့် နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ် ပိတ်ဆို့မှုကို လာမည့်လအထိ ချမှတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ပေါတူဂီတွင် တစ်စိတ်တစ်ပိုင်း အသွားအလာ ကန့်သတ်ပိတ်ဆို့ချက် ချမှတ်ခဲ့ပြီး စပိန်နှင့် အီတလီတွင် တင်းကျပ်သည့် ကန့်သတ်ချက်များကို ချမှတ်ခဲ့သည်။
ဥရောပတွင် လွန်ခဲ့သည့်ခုနစ်ရက်က ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁.၆ သန်းကျော် ရှိပြီး ယင်းရက်ပိုင်းအတွင်း ကမ္ဘာတစ်ဝန်းဗိုင်း ရပ်စ်ကူးစက်ခံရသူ ၃.၃ သန်း၏ ထက်ဝက်ကျော်မျှရှိ၍ သေဆုံးသူ ၁၆၁၀၀ ကျော်ရှိကာ လွန်ခဲ့သည့် သီတင်းပတ်ကျော်ထက် ၄၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ဥရောပရှိ လူတစ်သောင်းစီတိုင်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၇ ဦးကျော်ရှိပြီး လေးဦးခန့်သေဆုံးနေသည်ဟု ရိုက်တာက ထုတ်ပြန်ခဲ့သည်။ အမေရိကန်တွင် လူတစ်သောင်းစီတိုင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၇၈ ဦးရှိပြီး သေဆုံးသူခုနစ်ဦးရှိသည်။
ဒေသတွင်း၌ ဥရောပအရှေ့ဘက်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သုံးပုံတစ်ပုံနီးပါးရှိပြီး ကူးစက်ခံရသူအမြင့်ဆုံးဖြစ်၍ ဥရောပတောင်ဘက်ပိုုင်းတွင် ဗိုင်းရပ်စ်ကြောင့်သေဆုံးမှုနှုန်းသည် ဥရောပတစ်ဝန်း ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှုန်း၏ ၃၂ ရာခိုင် နှုန်းခန့်ရှိသည်။
ရုရှားသည် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁.၆ သန်းကျော်ရှိပြီး ဥရောပအရှေ့ဘက်ပိုင်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ အဆိုးဆုံးဖြစ်သည်။ ရုရှား၏ ဒေသ ၁၆ ခုတွင် ဆေးရုံကုတင်များ၏ ၉၀ ရာခိုင်နှုန်းမှာ ဗိုင်းရပ်စ်လူနာများဖြင့် ပြည့်နေသည်ဟု ရုရှားဒုတိယဝန်ကြီးချုပ် တာတီယားနား ဂိုလီကိုဗာက အောက်တိုဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။
ဥရောပတစ်ဝန်းရှိအစိုးရများသည် နွေရာသီကာလကျော်အတွင်း ဗိုင်းရပ်စ်ကူူးစက်မှုကို ပူးပေါင်းကာကွယ်ရန် ပျက်ကွက်မှုများကြောင့် ဝေဖန်ခံနေရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
