သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း ဝါးနက်ဆင်စခန်းသို့ လာရောက်လည်ပတ်ကြမည့် ခရီးသွားများ အနားယူအပန်းဖြေနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း၊ ဝါးနက်ဆင်စခန်းမှ သိရသည်။
ခရီးသွားများအပန်းဖြေနိုင်ရန်အတွက် ဆင်များမှ ဘောလုံးကန်ပြခြင်း၊ ဆင်နှစ်ကောင်တွဲ၍လမ်းလျှောက်ပြခြင်း၊ ပုသိမ်ထီးဆောင်းပြခြင်း၊ သံစုံဘာဂျာမှုတ်ပြခြင်းစသည့် ဝန်ဆောင်မှုများကို ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆင်စခန်းကို မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့နယ်ကြား ရဲရွာ ရေလှောင်တမံသွားကားလမ်းဘေးတွင် ဖွင့်လှစ်ထားပြီး ခရီးသွားပြည်သူများအတွက် သဘာဝတောတောင်ရှုခင်းအလှများနှင့် ဆင်စီးပြီးအပန်းဖြေနိုင်ရေးအတွက် ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သိရသည်။
ဝါးနက်ဆင်စခန်းတွင် ဆင်စီး၍ တောတောင်ရှုခင်းများ ကြည့်ရှုနိုင်ခြင်း၊ ဆင်များ၏ လိမ္မာမှုများပြသခြင်းစသည့်ဝန်ဆောင်မှုများပေးနေသလို လာရောက်သူများက ဆင်များကို အစာကျွေးခြင်း၊ ဆင်နှင့်အတူ ဓာတ်ပုံရိုက်ခြင်းတို့ ပြုလုပ်ကြကြောင်းလည်း သိရသည်။
ဆင်စခန်းဝင်ကြေးအဖြစ် ပြည်တွင်းခရီးသွားတစ်ဦးလျှင် ငွေကျပ် (၁၀၀၀)ပြည်ပခရီးသွားတစ်ဦးလျှင် (၁၀၀၀၀) ကျပ် သတ်မှတ်ထားပြီး ဆင်စီးသည့် ဝန်ဆောင်မှုအတွက် ခရီးတိုလျှင် ငွေကျပ် (၃၀၀၀) နှင့် ခရီးရှည်လျှင် ငွေကျပ် (၅၀၀၀)၊ ပြည်ပခရီးသွားများအတွက် (၁၀၀၀၀၀) ကျပ် ကျသင့်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
