မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော သင်္ဘောမီးလောင်မှုမှာ ဆီပီပါများထားရှိသည့် သင်္ဘောဝမ်းဗိုက်အား ဂဟေဆော်ရာမှ ဆီငွေ့နှင့်ဂဟေမီးပွားထိတွေ့ကာ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၃၇ လမ်းနှင့် ၃၈ လမ်းကြား၊ ကမ်းနားလမ်း၊ ဂေါဝိန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော(ဗန်းမော်-မန္တလေး)သင်္ဘောတစ်စီးတွင် ဆီပီပါများထားရှိသည့် သင်္ဘောဝမ်းဗိုက်အား ဂဟေဆော်ရာမှ ဆီငွေ့နှင့်ဂဟေမီးပွားထိတွေ့ကာ မီးလောင်ကျွမ်းမှု အောက်တိုဘာလ ၁၄ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သိရှိရသည်။
အဆိုပါ မီးလောင်ရာသို့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦး၊ စုစုပေါင်း ၁၀၀ ဦးဖြင့် အုပ်ချုပ်မှုယာဉ် ၃ စီး၊ မီးငြိမ်းသတ်ယာဉ် ၁၀ စီး၊ မီးသတ်ရေသယ်ယာဉ် ၅ စီး၊ စုစုပေါင်း ၁၈ စီး၊ Foam ဆေးရည် ၂၀၀ ဂါလံခန့်၊ ရေဂါလံ ၁၅၀၀၀ ဂါလံခန့်ဖြင့် ငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၃ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
မီးလောင်မှုကြောင့် ဘိလပ်မြေအိတ် ၃၀၀ လုံး ၊ ထုံးအိတ် ၁၀၀ လုံး ၊ ဒီဇယ်ဆီပီပါ ၁၀၀ လုံးနှင့် သင်္ဘောကိုယ်ထည် မီးလောင်ခဲ့ကြောင်း၊ စုစုပေါင်း ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းတစ်ထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
■ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့/ကိုသန်းဌေး
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
