ကလေးမြို့နယ် ပကဖအဖွဲ့မှ သံဃာတော်လေးပါးကို ဖမ်းဆီးထားသဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် တမူးခရိုင် သံဃာနာယက ဆရာတော်ဥူးဇနက,က NUG ထံ အောက်တိုဘာ ၉ ရက်က တောင်းဆိုထားသည့် စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။
အဆိုပါတောင်းဆိုစာတွင် အောက်တိုဘာ ၁ ရက်က ကလေးမြို့နယ် ပကဖအဖွဲ့က ကလေးမြို့နယ် ရန်မျိုးအောင်ရွာ ရန်မျိုးအောင်ကျောင်းဆရာတော်နှင့် တောရဆောက်တည်နေသော လက်ဆေးကန် တော ရဆရာတော်တို့ နှစ်ပါးကိုလည်းကောင်း၊ ဇိုလင်းရွာ ဇိုလင်းဆရာတော်နှင့် ကံအောင်ရွာ ကံအောင်ဆရာတော်တို့ နှစ်ပါးကိုလည်းကောင်း ဖမ်းဆီးခဲ့ကြောင်း၊ သံဃာတော်များသည် ၀ါတွင်းကာလ ၀ါပန်ထားသဖြင့် ခုနစ်ရက်ထက်ကျော်ပါက ၀ါကျိုးကာ ၀ိနည်းမညီတော့ကြောင်း၊ ထို့ကြောင့်တရားဥပဒေနှင့်အညီစီစစ်ပြီးပါက သံဃာတော်များကို အမြန်ဆုံးပြန်လွှတ်ပေးရန် တင်ပြကြောင်း ဖော်ပြထားသည်။
ထိုသို့ ဖမ်းဆီးခံရမှုအခြေအနေနှင့် ပတ်သက်၍ ယင်းတောင်းဆိုစာတွင် ပါဝင်သည့် ဆရာတော်ဥူးဇနက၏ ဖုန်းအား Eleven Media Group က အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းက ဆက်သွယ်ခဲ့သော်လည်း ဖုန်း ကိုင်ဆောင်ဖြေဆိုခြင်းမရှိသဖြင့် ဖြစ်စဉ်အသေးစိတ်အား မသိရှိရပေ။
ဆရာတော်ဥူးဇနက၏ အွန်လိုင်းမီဒီယာတစ်ခုသို့ ဖြေကြားထားချက်အရ လက်ရှိ ဖြစ်စဉ်ဖြစ်ပွားသည့်နေရာသည့် လွတ်မြောက်နယ်မြေဖြစ်ကြောင်း၊ ဆရာတော်များကို မည်သည့်အကြောင်းကြောင့် ခေါ်ဆောင်သွားသည်ကိုမသိရကြောင်း၊ အပြစ်မရှိပါက ပြန်လည်လွှတ်ပေးစေလိုကြောင်း၊ လက်ရှိတွင် အောက်တိုဘာ ၆ ရက်က ကံအောင်ဆရာတော် တစ်ပါးတည်းသာ ပြန်လည်လွှတ်မြောက်ကြောင်း၊ အဆိုပါလွတ်မြောက်လာသည့် ဆရာတော်ကလည်း မည်သည့်အကြောင်းအရာများ စစ်မေးခံရသည်ကို ပြန်လည်ပြောကြားခြင်းမရှိဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
