အစ္စရေးသည် အီရန်၏ နျူကလီးယားနှင့် ရေနံစက်ရုံများကိုမဟုတ်ဘဲ အီရန်ရှိ စစ်ရေးပစ်မှတ်များကိုသာ တိုက်ခိုက်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကိုပြောကြားကြောင်း ဝါရှင်တန်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။
သတင်းရင်းမြစ်များအဆိုအရ အောက်တိုဘာ ၉ ရက်က ဘိုင်ဒင်နှင့် ဖုန်းခေါ်ဆိုမှုအတွင်း နေတန်ယာဟုက အီရန်တွင် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကိုသာ ပစ်မှတ်ထားရန် စီစဉ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းစာကဆိုထားသည်။ ဆိုလိုသည်မှာ အစ္စရေးနိုင်ငံသည် “အတိုင်းအတာအပြည့်စစ်ပွဲကို တားဆီးရန် ရည်ရွယ်သည့် ကန့်သတ်ထားသောတန်ပြန်တိုက်ခိုက်မှု”ကို လိုက်နာခြင်းဖြစ်သည်။
နေတန်ယာဟု၏ ဤအကြံအစည်သည် အမေရိကန်အတွက် စိတ်သက်သာရာရကြောင်း သိရသည်။ အီရန်ရှိ ရေနံစက်ရုံများကို အစ္စရေးက တိုက်ခိုက်ပါက စွမ်းအင်ဈေးနှုန်းများ သိသိသာသာ တက်လာနိုင်ကြောင်နှင့်အတူ အီရန်နျူကလီးယားစက်ရုံများကို အစ္စရေးက တိုက်ခိုက်လျှင်လည်း စစ်ပွဲအရှိန် “နောက်ထပ် တိုးမြင့်လာ” စေနိုင်ပြီး လက်ရှိဖြစ်ပျက်နေသော ဖြစ်ရပ်များတွင် အမေရိကန်သည် အတိုင်းအတာတစ်ခုအထိ မပါမဖြစ် ပါဝင်လာရတော့မည့် အန္တရာယ်ကို တိုးမြင့်စေနိုင်ကြောင်းတို့ကို ဝါရှင်တန်ပို့စ်သတင်းစာက ရေးသားထားသည်။
အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံများကို အစ္စရေးအနေဖြင့် တိုက်ခိုက်ရန်မသင့်ဟု ဘိုင်ဒန်က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သေးသည်။
သတင်းရင်းမြစ်များ၏ အဆိုအရနိုဝင်ဘာ ၅ ရက်တွင်ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်မီ အစ္စရေးက အီရန်ရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ရန် မျှော်လင့်ထားကြောင်း ဝါရှင်တန်ပို့စ် သတင်းတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
