လက်နက်ကိုင် နည်းလမ်းဖြင့် တောင်းဆိုနေမှုများကို လိုက်လျောပေးမည်မဟုတ်ဘဲ နိုင်ငံရေးစကားဝိုင်းသို့ လာရောက်ဆွေးနွေးအဖြေရှာကြရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၉)နှစ်ပြည့်နေ့တွင် ပေးပို့သည့်သဝဏ်လွှာတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော့်အနေနဲ့ လက်နက်ကိုင် အကြမ်းဖက် တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွား မှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့်လည်း NCA ကို လေးစားလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်ရာတွင်လည်း ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားစိတ်နှင့် အချင်းချင်းပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ချမှတ်ထားပြီးသား ကတိကဝတ်များကို လိုက်နာစောင့်ထိန်းသွားကြရန်လည်း ၎င်းကတိုက်တွန်းပြောကြားခဲ့သည်ကို တွေ့ရသည်။
ထို့ပြင် ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် နိုင်ငံရေးအမြင်မတူမှုများမှ ပေါ်ပေါက်လာခြင်းဖြစ်သည့်အတွက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းကြရန် ဖိတ်ခေါ်မှုများ ပြုလုပ်လျက်ရှိပြီး အားလုံးက နိုင်ငံ့အကျိုးအတွက် တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းတွင် ပါဝင်လျှောက်လှမ်းကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။
မလိုလားအပ်သည် လက်နက်ကိုင်လမ်းစဉ်တွေကြောင့် နိုင်ငံတစ်ဝန်း ဆူပူအကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ၊ ကလေ-းသူငယ်များနဲ့ ရဟန်းသံဃာများပါမကျန် ေ- သဆုံးခဲ့ကြရမှုများသည် တိုင်းပြည်၏ နစ်နာမှုများ ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။
NCA ကိုလက်မှတ်ရေးထိုးရခြင်း၏ ရည်ရွယ်ချက်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမှသည် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအရေးနှင့် ဒီမိုကရေစီ အရေးအတွက်ပင်ဖြစ်ကြောင်းလည်း သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
“ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးဆိုရာမှာ ကျွန်တော် တို့ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
တပ်မတော်အနေဖြင့် အကြမ်းဖက်များအား နှိမ်နင်းရန်လိုအပ်သည့် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ထပ်မံဆောင်ရွက်မည် ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် အကြမ်းဖက်သမားများ၏ အသုံးချမှု မခံရအောင် သတိပြုကြရန် ထပ်မံအသိပေးပြောကြားလိုကြောင်းလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
