တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းတွင် ယမန်နေ့ အောက်တိုဘာ ၁၄ ရက်ညနေ ၄ နာရီ ၃၅ မိနစ်ခန့်က ဆီတင်သင်္ဘောမီးလောင်မှု၌ ေ-သဆုံးသူ(၈)ဦးအထိရှိလာခဲ့ပြီး ပျောက်ဆုံးသူနှင့်ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။
ဆီသယ်သင်္ဘောပေါ်သို့ဆီထည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့၍ ထားဝယ်ခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ယနေ့ အောက်တိုဘာ ၁၅ ရက်နံနက် ၆ နာရီ ၂၅ မိနစ်၌ မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။
” မီးလောင်အားအရမ်းပြင်းတယ်။ မနေ့ကညနေဘက်မှစလောင်တာကို ညဦးပိုင်းလောက်မှာ ခနလောက်မီးထိန်းနိုင်ခဲ့ပေမယ့် ဆီတင်သင်္ဘောဖြစ်နေတာကြောင့် မီးကမထိန်းနိုင်ဘဲဆက်လောင်ခဲ့တာကြောင့် အချိန်အတော်ကြာအောင် ငြှိမ်းခဲ့ရပါတယ်။ ဒီနေ့မနက်(အောက်တိုဘာ ၁၅ ရက်)၈ နာရီခွဲကြမှသာ အလုံးစုံမီးငြိမ်းသွားတာ။ နာရီပေါင်း ၁၆ နာရီလောက်ကြာအောင် ငြှိမ်းခဲ့ရပါတယ်။ ဘေးက တစ်ချို့သင်္ဘောတွေကိုလည်း အနည်းအကျဦးမီးလောင်သွားတာတွေရှိတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။
မီးလောင်မှုကြောင့် အမျိုးသား(၇)ဦးနှင့်အမျိုးသမီး(၁)ဦးေ-သဆုံးခဲ့ပြီး အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦးတို့တွင် ထိခိုက်ဒဏ်ရာများရှိခဲ့၍ ထားဝယ်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံ ယူလျက်ရှိကာ အမျိုးသား(၁)ဦးပျောက်ဆုံးနေသဖြင့် တာဝန်ရှိသူများကရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မီးစတင်လောင်ကျွမ်းခဲ့သည့် ဆီတင်သင်္ဘောနှင့် သင်္ဘောပေါ်ရှိ ဒီဇယ်ဆီနှင့်ဓာတ်ဆီများလည်းပျက်စီးဆုံးရှုံးခဲ့၍ ဖြစ်စဉ်အား သက်ဆိုင်ရာရဲတပ်ဖွဲ့မှ အမှုဖွင့်ထားကြောင်း သိရသည်။






-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
