NCA စာချုပ်ရေးထိုးပြီးချိန်ကပင် ကတိကဝတ်များကိုချိုးဖောက်၍ ကိုယ်ကျိုးရှာနိုင်ငံရေးအမြတ်ထုတ်နေသည့် EAO များပေါ်ပေါက်ခဲ့ခြင်းများကိုတွေ့ရှိခဲ့ရသည်ဟု နစက ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအာင်လှိုင်က ပြောသည်။
ယနေ့ အောက်တိုဘာ ၁၅ ရက်တွင်ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၉)နှစ် မြောက်နှစ်ပတ်လည်နေ့တွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
NCA သည် သက်ဆိုင်ရာအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၏ တွေ့ဆုံမှုပေါင်းများစွာ၊ ညှိနှိုင်းဆွေးနွေးမှုများစွာမှတစ်ဆင့် အခြေတည်ဖြစ်ပေါ်လာခဲ့သော မြန်မာနိုင်ငံ၏ သမိုင်းဝင်စာချုပ်သစ်တစ်ခုဖြစ်ကာ နှစ်ဖက်သဘောတူညီမှုရရှိသည်အထိအကြေအလည်ဆွေးနွေးခဲ့ရပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်နားလည်မှုအပြည့်ဖြင့် လိုက်လျောမှုများ ပြုလုပ်ခဲ့ကြရသည်ဟု ပြောသည်။
“ကျွန်တော့်အနေနဲ့ ဒီသဘောတူစာချုပ်ရေးထိုးပြီးချိန်တည်းက စာချုပ်ပါကတိကဝတ်တွေကို လေးစားပြီး တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက် ရပ်တည်ခဲ့ကြတဲ့ EAO တွေကိုတွေ့ရှိခဲ့ရသလို အခွင့်အခါကိုစောင့်ပြီး အခြေအနေပေးရင်ပေးသလို ကတိကဝတ်တွေကိုချိုးဖောက်ပြီး ကိုယ်ကျိုးရှာနိုင်ငံရေးအမြတ်ထုတ်နေတဲ့ EAO တွေ ပေါ်ပေါက်ခဲ့တာကိုလည်းတွေ့ရပါတယ်။ NCA ကိုလက်မှတ်ရေးထိုးရခြင်းရဲ့ ရည်ရွယ်ချက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအရေးနဲ့ ဒီမိုကရေစီအရေးအတွက်ပဲဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။
တပ်မတော်အနေဖြင့် NCA စာချုပ်ဖြစ်ပေါ်လာပြီး (၃)နှစ်အကြာ၌ပင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်လိုလားသည့် စိတ်နှင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းများကို အကြိမ်ပေါင်းများစွာထုတ်ပြန်ကြေညာ၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သော မူဝါဒများကိုချမှတ်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြောကြားကာ လိုက်ပါဆောင်ရွက်ခဲ့သည့်အပြင် ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်သည့် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ကြရန်လည်း ဖိတ်ခေါ်မှုများပြုလုပ်ခဲ့သည်ဟု ပြောသည်။
ထို့ကြောင့် နိုင်ငံရေးအမြင်မတူမှုများမှတစ်ဆင့် ပေါ်ပေါက်လာသည့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရဖြေရှင်းရန် ဖိတ်ခေါ်မှုများပြုလုပ်လျက်ရှိသဖြင့် အားလုံးက နိုင်ငံ့အကျိုးအတွက် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းတွင် ပါဝင်လျှောက်လှမ်းကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
