မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရတို့အကြား နှစ်နိုင်ငံပူးပေါင်းပြီး အမေရိကန်ဒေါ်လာ (၂၅၀၀၀၀)တန်ဖိုးရှိသည့် စီမံကိန်း (၅)ခုကိုအကောင်အထည်ဖော်ရန် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ယင်းစီမံကိန်း လက်မှတ်ရေးထိုးပွဲကို ယမန်နေ့ အောက်တိုဘာ (၁၄) ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကာ မြန်မာနိုင်ငံကို ယခုနှစ်အတွင်း ဒေါ်လာ ၅၀၀, ၀၀၀ ဖိုးအထိ ကူညီမည်ဟု အိန္ဒိယအစိုးရက ကတိပြုချက်ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ထားသေးသည်။
QIP စီမံကိန်းငါးခုသည် စိုက်ပျိုးရေး၊သက်မွေးပညာ၊အမျိုး သမီးနှင့် ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရန်နှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန တည်ထောင်ရန် နားလည်မှုစာချွန်လွှာ MOU (၅) စောင်လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ သဘောတူညီမှုများအရ တောင်သူများအတွက် အခြောက်ခံစက်နှင့် အခြောက်ခံစက် ထားရန်အ ဆောက်အဦးထားရှိဖို့သဘောတူညီချက်၊ အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာနဗဟုသုတဘဏ်တည်ထောင်ခြင်းစီမံချက်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံအောက်ရှိ ရက်ကန်းနှင့် အသက်မွေး ပညာကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးစီမံချက်၊ မန္တလေးတိုင်းဒေသကြီးရှိ အမျိုးသမီး ကလေးများကျောင်းအတွက် တစ်ထပ်အဆောက်အဦ ဆောက်လုပ်ခြင်းစီမံချက်၊ ရန်ကုန်တိုင်းဒေသကြီး၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန တည်ထောင်ခြင်းစီမံချက်တို့ကို အကောင်အထည်ဖော်လုပ်ဆောင်သွားမည် ဖြစ်သည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
