ယာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ရေမျောနေအိမ်များအတွက် တစ်အိမ်လျှင် (၂,၃၅၀,၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနမှ သိရသည်။
အဆိုပါ ရေကြီးနစ်မြုပ်မှုကြောင့် ရေမျောနေအိမ်တစ်အိမ်လျှင် (၂,၃၅၀,၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပထမဆုံးအကြိမ်အနေဖြင့် အိမ်ခြေ (၂၂၂)အိမ်ကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
နေပြည်တော် ကောင်စီနယ်မြေ ၊ တပ်ကုန်းမြို့နယ်အတွင်း ရေနစ်မြုပ်မှုကြောင့် မျောပါပျက်စီးသွားသည့် နေအိမ် (၇၇၃) လုံး၊ တစ်စိတ်တစ်ပိုင်း မျောပါပျက်စီးခဲ့သည့် နေအိမ် (၃၆၂) လုံးရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ (၁၃) ရက်က ရေဘေးကြောင့်ပျက်စီးသွားသည့် နေအိမ်များကို ထောက်ပံ့ပေးရာတွင် ပထမဆုံးအကြိမ်အဖြစ် တစ်စိတ်တစ်ပိုင်း မျောပါပျက်စီးသည့် နေအိမ်များကို အိမ်တစ်လုံးလျှင် (၁,၇၅၀,၀၀၀) ကျပ်နှုန်းဖြင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
ရေကြီးရေလျှံမှုများကြောင့် အိမ်ထောင်စု (၈၀,၀၀၀) ကျော်၊ လူဦးရေတစ်သန်းနီးပါး ရေဘေးအန္တရာယ် တွေ့ကြုံခံစားခဲ့ကြရပြီး ေ-သဆုံး/ပျောက်ဆုံးသူ (၅၂၀) ဦးရှိခဲ့ကာ တိရိစ္ဆာန်ပေါင်း (၁၈၀,၀၀၀) ကျော် ေ-သဆုံးခဲ့ပြီး စပါးနှင့်သီးနှံစိုက်ဧက ခုနစ်သိန်းကျော် ထိခိုက်ခဲ့သလို လမ်းတံတား၊ စာသင်ကျောင်း၊ လျှပ်စစ်နှင့်ဆက်သွယ်ရေး အစရှိသည့်ကဏ္ဍပေါင်းစုံတွင်လည်း ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
