မြန်မာနိုင်ငံနှင့် ဟူပေပြည်နယ်အကြား စီးပွားရေးအပါဝင် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းခံထားရသော နိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးနိုင်ရေးကိစ္စရပ်များကို မြန်မာကောင်စစ်ဝန်ချုပ်မှ ဟူပေပြည်နယ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းမှ ဟူပေပြည်နယ်၊ ဝူဟန်မြို့ နိုင်ငံခြားရေးရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Li Jun အား အောက်တိုဘာ (၁၄)ရက်၊ နံနက်(၁၁)နာရီက ဝူဟန်မြို့ရှိ နိုင်ငံခြားရေးရာဌာန၌ တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဟူပေပြည်နယ်အကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ဆက်လက်၍ ကောင်စစ်ဝန်ချုပ်က နေ့လယ် (၂)နာရီတွင် ဟူပေပြည်နယ်အစိုးရ ပြည်သူ့လုံခြုံရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Luo Meng အား ဟူပေပြည်နယ် ပြည်သူ့လုံခြုံရေးဌာန၌ သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ ဟူပေပြည်နယ်သို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသူများအား နိုင်ငံသားစစ်ဆေးခြင်းကိစ္စရပ်၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား ဟူပေပြည်နယ် သက်ဆိုင်ရာ ပြည်သူ့လုံခြုံရေးဌာနများမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးနိုင်ရေးကိစ္စရပ်နှင့် နေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်း ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ညနေ (၄)နာရီတွင် ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းမှ ဟူပေပြည်နယ်အစိုးရ ကုန်သွယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Chen Huarong အား ဟူပေပြည်နယ်ကုန်သွယ်ရေးဌာန၌ သွားရောက် တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ဟူပေပြည်နယ်အကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်မည့် အခြေအနေများအား အလေးထားဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
